OnePlus ဟာ အခုနောက်ပိုင်းမှာ OnePlus Nord Series ဖုန်းတွေကို အလေးပေးပြီး ထုတ်လုပ်လာတာဖြစ်ပါတယ်။ အခုလည်း OnePlus Nord 3 နာမည်နဲ့ ဖုန်းအသစ်ကို မကြာခင်မှာ မိတ်ဆက်သွားဖို့ရှိနေပါတယ်။

အဆိုပါ OnePlus Nord 3 စမတ်ဖုန်းဟာ OnePlus Nord Series ဖုန်းတွေထဲမှာ စွမ်းဆောင်ရည်အကြမ်းဆုံးဖြစ်လာမယ်လို့ သိရပါတယ်။ ယခုသတင်းကိုတော့ နာမည်ကြီး Chinese Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ယခုထွက်ပေါ်လာတဲ့သတင်းတွေအရ OnePlus Nord 3 စမတ်ဖုန်းဟာ MediaTek Dimensity Chipset အသစ်ဖြစ်တဲ့ Dimensity 8100 Chipset ကို အသုံးပြုလာမှာဖြစ်ပါတယ်။ ဒါက မကြာသေးခင်ကပဲ မိတ်ဆက်ထားခဲ့တဲ့ Xiaomi Redmi K50 ဖုန်းနဲ့ တူညီနေမှာပါ။ ဒါပေမယ့် OnePlus Nord 3 စမတ်ဖုန်းဟာ 12GB LPDDR5 RAM နဲ့ 256GB UFS 3.1 Storage တွေကို အသုံးပြုလာမှာဖြစ်တာကြောင့် စွမ်းဆောင်ရည်ပိုင်းမှာ ယခင် OnePlus Nord 2 ထက် သိသိသာသာပိုကောင်းလာမှာဖြစ်ပါတယ်။

Display ပိုင်းအနေနဲ့ကတော့ 6.7″ Full HD+ AMOLED Display ကို အသုံးပြုထားမှာဖြစ်ပြီး 120Hz Refresh Rate ကိုပါ ထောက်ပံ့ပေးမှာဖြစ်ပါတယ်။ Selfie Camera အတွက်ကတော့ Punch-hole Design ပြုလုပ်ထားတယ်လို့ သိရပါတယ်။​

Camera ပိုင်းမှာတော့ 16MP Selfie Camera အပြင် Triple Camera Setup ကို အသုံးပြုထားမယ်လို့ သိရပါတယ်။​ အဆိုပါ Back Camera Setup ရဲ့ Primary Sensor ကိုတော့ 50MP Sony IMX766 f1.8 Sensor ကို အသုံးပြုထားတယ်လို့ သိရပြီး 8MP Ultrawide Sensor နဲ့ 2MP Monochrome Sensor တွေပါဝင်လာဖွယ်ရှိနေပါတယ်။

Battery အနေနဲ့ကတော့ 4500mAh Battery ကို အသုံးပြုထားမှာဖြစ်ပြီး 150W Fast Charging ကိုပါ ထောက်ပံ့လာမယ်လို့ သိရပါတယ်။ တခြားသော In-Display Fingerprint Sensor ၊ X-axis Linear Haptic Motor တွေလည်း ထည့်သွင်းထားတယ်လို့သိရပါတယ်။​

Ref – GSM Arena