OnePlus Nord 4 ဟာ တခြား Nord 4 Series တွေနဲ့ မတူညီတဲ့ ဒီဇိုင်းနဲ့ ထွက်လာပါတယ်။ ဖုန်း ၁ ခုလုံးကို သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး ပြားချပ်တဲ့ ဖရိမ် ပါလာပါတယ်။ အပါးလွှာဆုံး Nord ဖုန်းလို့ ညွှန်းဆိုထားပြီး အထူက ၀.၈ စင်တီမီတာပဲ ရှိပါတယ်။ ဘယ်ဘက်ခြမ်းမှာ Alert Slider တပ်ဆင်ထားပြီး အနောက်ဘက်မှာ ကင်မရာတွေကို အလျားလိုက် ထည့်သွင်းထားပါတယ်။

OnePlus Nord 4

အရှေ့ဘက်မှာ 120Hz Flat AMOLED Display ပါလာပြီး 1.5K Resolution နဲ့ 2,150 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ 6.5” Display ဖြစ်ပြီး Punch Hole Cutout ပါပါတယ်။ ရေစိုနေတဲ့လက်နဲ့ အသုံးပြုနိုင်တဲ့ AquaTouch နည်းပညာ ပါပါတယ်။

OnePlus Nord 4 arrives with an all-metal body around a unique design

အနောက်ဘက်မှာ 50MP Sony LYT-600 Main Sensor (OIS) ၊ 8MP Ultrawide Angle ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 16MP ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။

OnePlus Nord 4 arrives with an all-metal body around a unique design

Nord 4 မှာ Snapdragon 7+ Gen 3 Chipset မောင်းနှင်ထားပြီး 16GB RAM နဲ့ 512GB Storage ထည့်သွင်းထားပါတယ်။ 100W Charging ထောက်ပံ့တဲ့ 5,500mAh Battery ပါပါတယ်။ Android 14 မောင်းနှင်ထားပြီး AI Eraser , AI Clear Face နဲ့ AI Best Face လို AI Feature တွေ ပါပါတယ်။ OS Update ၄ ကြိမ်နဲ့ နောက်ထပ် Security Patch ၂ နှစ် အပါအဝင် Software Update ၆ နှစ်ရရှိမှာပါ။

OnePlus Nord 4 ရဲ့ 8/128GB ကို ၂၉,၉၉၉ ရူပီး၊ 12/128GB ကို ၃၂,၉၉၉ ရူပီးနဲ့ 12/256GB ကို ၃၅,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။ Mercurial Silver, Obsidian Black နဲ့ Oasis Green အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gizmochina