ယခင်က OnePlus Z ဆိုတဲ့အမည်နဲ့ သိထားတဲ့ ဟန်းဆက်ဟာ အခုတော့ OnePlus Nord 5G ဆိုတဲ့ အမည်နဲ့ ထွက်လာမှာဖြစ်ပြီး အများထင်သလို Triple-camera နဲ့မဟုတ်ဘဲ ကင်မရာတစ်လုံးပိုတဲ့ Quad-Camera သာဖြစ်ကြောင်း သတင်းထွက်လာခဲ့ပါတယ်။

အရင်ဆုံး OnePlus 8 Lite အဖြစ် သတင်းထွက်ခဲ့ကာ နောက်ပိုင်း OnePlus Z ဆိုတဲ့အမည်ကိုပဲ ဆက်တိုက်မြင်ခဲ့ရတဲ့ဖုန်းမှာ Triple-cam ပါမယ်လို့ Leak တွေမှာ ပြောခဲ့ပြီး 64MP + 16MP + 2MP လို့ဆိုခဲ့ကြတာပါ။ မူလ OnePlus 8 မှာ 48MP + 16MP + 2MP ကင်မရာသုံးလုံးသာ ပါခဲ့လို့လည်း Lite ဗားရှင်းအနေနဲ့ စတင်ခဲ့တဲ့ ဒီဖုန်းမှာ Triple-cam ကို ဆက်သုံးလာမယ်လို့ သတင်းထွက်ထားတာ ဖြစ်နိုင်ပါတယ်။

OnePlus Nord ဟာ အခုလအစောပိုင်းမှာ Geekbench ပေါ်ရောက်ရှိခဲ့ကာ Snapdragon 765G ချစ်ပ်ဆက်ကို အသုံးပြုထားတာ မြင်ခဲ့ရပါတယ်။ OnePlus 8 ဖုန်းနှစ်လုံးမှာတော့ Snapdragon 865 Flagship ချစ်ပ်ဆက်အသစ်ကို အသုံးပြုထားပြီး လာမယ့် 8T မှာလည်း ဆက်လက်သုံးစွဲနိုင်ပါတယ်။

OnePlus Nord ဖုန်းသစ်ဟာ ဇူလိုင်လမှာ မိတ်ဆက်လာမယ်လို့ ဆိုထားတဲ့အတွက် မကြာခင်တွေ့ရတော့မှာပါ။ သူ့မှာ 6.4” Flat Display တစ်ခုပါဝင်ပြီး 90 Hz Refresh Rate နဲ့ အသုံးပြုနိုင်မယ်လို့လည်း ဆိုထားပါတယ်။ 4,000 mAh ဘက္ထရီအတွက် Warp Charge အားအမြန်သွင်းစနစ်တစ်ခု ပါမှာဖြစ်ပြီး 5G လည်း အသုံးပြုနိုင်မှာပါ။

Ref – GSMArena