OnePlus ကနေ ပုံမှန် OnePlus စမတ်ဖုန်းတွေထက် စျေးနှုန်းပိုသက်သာတဲ့ Nord Series ဖုန်းတွေကို ထုတ်လုပ်နေတာဖြစ်ပါတယ်။ အခုလည်း OnePlus ကနေ နောက်ထပ် စျေးနှုန်းသက်သာတဲ့ OnePlus Nord Buds Earbuds တွေကို မေလ ၃၁ ရက်နေ့မှာ ရောင်းချသွားတော့မှာဖြစ်ပါတယ်။

အဆိုပါ OnePlus Nord Buds Wireless Earbuds တွေရဲ့ ထူးခြားချက်ကတော့ စျေးနှုန်းပဲဖြစ်ပြီး ၃၉ ဒေါ်လာ (မြန်မာငွေ ၇ သောင်းဝန်းကျင်) ပဲ ကျသင့်မှာဖြစ်ပါတယ်။ OnePlus အနေနဲ့ Nord Buds Earbuds တွေကို US ၊ Canada ၊ UK ၊ Hong Kong ၊ India အပြင် တရုတ်နိုင်ငံတွင်းမှာပါ ရောင်းချသွားမယ်လို့ သိရပါတယ်။

OnePlus Nord Buds တွေဟာ 12.4mm Audio Driver ကို အဓိကအသုံးပြုထားပြီး Bluetooth 5.2 ကိုလည်း အသုံးပြုထားမှာဖြစ်ပါတယ်။ Microphone တွေအနေနဲ့ စုစုပေါင်း ၄ လုံးပါဝင်မှာဖြစ်ပြီး ဖုန်းပြောဆိုမှုတွေအတွက် AI-Drive Noise Cancellation နည်းပညာတွေလည်း ပါဝင်မှာဖြစ်ပါတယ်။ Audio ပိုင်းမှာလည်း Dolby Atmos ကိုပါ ထောက်ပံ့ပေးထားဦးမှာပါ။

OnePlus ရဲ့ ပြောကြားချက်အရတော့ အဆိုပါ OnePlus Nord Buds Earbuds တွေဟာ တစ်ကြိမ်အားသွင်းထားမယ်ဆိုရင် ၇ နာရီအထိ အသုံးပြုနိုင်မှာဖြစ်ပြီး Charging Case နဲ့ တွဲဖက်အသုံးပြုမယ်ဆိုရင် နာရီ ၃၀ အထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ USB-C Charging ကို အသုံးပြုထားပြီး ၁၀ မိနစ်အားသွင်းရုံနဲ့ ၅ နာရီခန့် နားထောင်နိုင်မယ်လို့ သိရပါတယ်။ Audio Latency အနေနဲ့ 94ms ပဲရှိမယ့် Low-latency Mode အပြင် IP55 Water Resistance လည်းပါဝင်မှာဖြစ်ပါတယ်။

Ref – 9to5Google