OnePlus Nord Series ဖုန်းတွေဟာ စျေးနှုန်းသင့်တင့်ပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ Mid Range ဖုန်းတွေအဖြစ် စျေးကွက်ထဲမှာ လူသိများနေပြီဖြစ်ပါတယ်။ မကြာခင်မှာလည်း OnePlus ကနေ Nord CE 3 နာမည်နဲ့ Mid Range ဖုန်းအသစ်ကို မိတ်ဆက်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။

အခုအချိန်မှာ အဆိုပါ OnePlus Nord CE 3 ဖုန်းရဲ့ အဓိက Specification တွေက ပေါက်ကြားလာခဲ့ပြီဖြစ်ပါတယ်။ ယခုသတင်းကို System Information အချက်အလက်တွေဖော်ပြနိုင်တဲ့ AIDA64 နဲ့ Device Info HW App တွေရဲ့ Screenshot တွေကနေတစ်ဆင့် သိရှိခဲ့ရတာဖြစ်ပါတယ်။

OnePlus Nord CE 3 ဖုန်းဟာ Qualcomm Snapdragon 695 Chipset ကို အသုံးပြုထားမှာဖြစ်ပြီး RAM 8GB LPDDR4X ၊ 256GB Internal Storage တွေပါဝင်မှာဖြစ်ပါတယ်။ Display ပိုင်းအနေနဲ့ 6.7″ LCD Display ကိုပဲ အသုံးပြုထားပြီး Full HD+ Resolution အပြင် 120Hz Refresh Rate အထိအသုံးပြုနိုင်မှာဖြစ်ပါတယ်။

Camera ပိုင်းမှာ 108MP Main Camera ၊ 2MP Depth Sensor နဲ့ 2MP Macro Sensor တွေပါဝင်တဲ့ Triple Camera System ကို အသုံးပြုလာမှာဖြစ်ပါတယ်။ Selfie Camera ပိုင်းမှာ 16MP Sensor ကို Punch-hole Design ပုံစံထည့်သွင်းပေးထားမယ်လို့ သိရပါတယ်။

အခုသတင်းပေါက်ကြားလာတဲ့ OnePlus Nord CE 3 ဖုန်းဟာ Global စျေးကွက်အတွက်ရည်ရွယ်ထားတဲ့ OxygenOS ကို အသုံးပြုထားတာကြောင့် မကြာခင်မှာ တရားဝင်မိတ်ဆက်သွားမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena