OnePlus ကနေ ပြီးခဲ့တဲ့လတုန်းက တရုတ်နိုင်ငံတွင်းမှာ Snapdragon 7+ Gen 3 Chipset ကို အသုံးပြုထားတဲ့ OnePlus Ace 3 ကို မိတ်ဆက်ခဲ့ပါတယ်။ အခုလည်း အဆိုပါ OnePlus Ace 3 ဖုန်းကို အနည်းငယ်ပြောင်းလဲထားတဲ့ OnePlus Nord CE 4 ကို Global စျေးကွက်အတွက် တရားဝင်မိတ်ဆက်ပေးလိုက်ပါပြီ။

OnePlus Nord CE 4 စမတ်ဖုန်းဟာ ဒီဇိုင်းပိုင်းမှာ ယခင် Nord CE 3 နဲ့ယှဥ်ရင် သိသိသာသာပြောင်းလဲထားပြီး Flat Frame Design အပြင် Camera Design ကိုပါ ပြောင်းလဲထားခဲ့ပါတယ်။ ဒါ့အပြင် ဖုန်းရဲ့ ဘယ်ဘက်မှာ 3-Step Alert Slider ကိုလည်း ထည့်သွင်းထားမှာဖြစ်ပါတယ်။

Specs တွေအနေနဲ့ OnePlus Nord CE 4 စမတ်ဖုန်းဟာ 6.7″ Full HD+ AMOLED Display ကိုအသုံးပြုထားပြီး 120Hz Refresh Rate ၊ 1,100nits Peak Brightness တွေကို ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် OnePlus 12 လိုမျိုးပဲ ဖုန်းကို လက်ရေစိုနေတဲ့အချိန်မှာ အသုံးပြုနိုင်မယ့် Aquatouch Display နည်းပညာလည်း ပါဝင်မယ်လို့ သိရပါတယ်။

Performance ပိုင်းမှာ OnePlus Nord CE 4 က Snapdragon 7+ Gen 3 Chipset အစား ပုံမှန် Snapdragon 7 Gen 3 Chipset ကိုပဲ အသုံးပြုထားပါတယ်။ RAM 8GB အပြင် Storage ကိုလည်း 128GB သို့မဟုတ် 256GB ဆိုပြီး ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။

Camera အနေနဲ့ 50MP Sony LYT-600 Main Camera နဲ့ 8MP Ultrawide Camera တွေပါဝင်တဲ့ Dual Camera Setup ကို တပ်ဆင်ထားပြီး 16MP Selfie Camera လည်းပါဝင်မှာဖြစ်ပါတယ်။ Battery ပိုင်းမှာ 5500mAh Battery ပါဝင်မှာဖြစ်ပြီး 100W Fast Charging ကိုလည်း ထောက်ပံ့ပေးထားဦးမှာပါ။

OnePlus Nord CE 4 စမတ်ဖုန်းဟာ လက်ရှိအချိန်မှာ အိန္ဒိယနိုင်ငံမှာ စတင်ရောင်းချနေပြီး ရူပီး ၂၄,၉၉၉ (မြန်မာငွေ ၁၀ သိန်းကျော်) ကျသင့်မှာဖြစ်ပါတယ်။

Ref – Gizmo China