OnePlus က ဖုန်း အသစ် ၁ လုံးထုတ်လုပ်ပြီးတိုင်း Software Update တွေကို မြန်မြန် ထည့်သွင်းပေးလေ့ရှိပါတယ်။ OnePlus က ကုမ္ပဏီရဲ့ ပထမဆုံး စွမ်းရည်သင့် စမတ်ဖုန်း ဖြစ်တဲ့ Nord ကို မကြာခင်က ကြေညာထားပြီး အခုတော့ အဲဒီ ဖုန်းအတွက် နောက်ထပ် Software Update ကို ဖြန့်ချိပေးလိုက်ပါပြီ။

OxygenOS 10.5.4 ဖြစ်ပြီး အိန္ဒိယနဲ့ နိုင်ငံတကာ မော်ဒယ်တွေအတွက် ရရှိပြီ ဖြစ်ပါတယ်။ ဥရောပ နိုင်ငံတွေအတွက် မကြာခင်မှာ ဖြန့်ချိပေးမယ်လို့ ထင်ပါတယ်။ Changelog မှာ Gallery App ဖွင့်တာ ပိုမြန်လာပြီး မျက်နှာပြင် စွမ်းရည် တိုးတက်လာတယ်လို့ ဖော်ပြထားပါတယ်။ မျက်နှာပြင် အရောင်သမ်းတဲ့ ပြဿနာကို ဖြေရှင်းပြီးပြီလားဆိုတာ မပြောထားပါဘူး။

Video Call မှာ ကင်မရာ အရည်အသွေး ပိုကောင်းလာပြီး အရောင်တိကျမှု တိုးတက်လာပါတယ်။ Low-light Selfie တွေအတွက် White Balance ပိုလန်းလာပြီး Macro ကင်မရာအတွက် အရောင်ပိုတိကျလာပါတယ်။ အိန္ဒိယမှာ Notes တွေ Sync လုပ်လို့ မရတာကို ဖြေရှင်းပေးထားပါတယ်။

OnePlus က အခု Update ကို အဆင့်လိုက် ဖြန့်ချိပေးနေတာ ဖြစ်ပြီး လက်ရှိမှာ လူအနည်းငယ်အတွက်ပဲ ရပါသေးတယ်။ Bug ကြီးကြီးမားမား မရှိရင် လာမယ့် ရက်ပိုင်းအတွင်းမှာ ပိုမို တိုးချဲ့ ဖြန့်ချိပေးမှာပါ။

Ref : gsmarena