OnePlus ဟာ စွမ်းရည်သင့် ၊ တန်ဖိုးသင့် 5G ဖုန်း အသစ် ၁ လုံးကို ချပြလိုက်ပါတယ်။ OnePlus Nord N10 လို့ နာမည်ပေးထားပြီး microSD Card Slot ပါတဲ့ OnePlus ရဲ့ ပထမဆုံး ဖုန်း အဖြစ် မှတ်တမ်းဝင်သွားပါတယ်။ အဲဒီဖုန်းမှာ ၆.၄၉ လက်မ FHD+ မျက်နှာပြင် ထည့်သွင်းထားပြီး IPS LCD အမျိုးအစားကို သုံးထားပါတယ်။ မျက်နှာပြင်ကို Gorilla Glass 3 နဲ့ ကာကွယ်ထားပြီး အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားပါတယ်။ Audio အပိုင်းအတွက် Dual Speaker တပ်ဆင်ပေးထားပါတယ်။

OnePlus Nord N10

ကင်မရာတွေအကြောင်း ပြောရရင် အနောက်ဘက်မှာ 64MP Main , 8MP Ultrawide , 2MP Monochrome နဲ့ 2MP Macro ၄ လုံးနဲ့ အရှေ့ဘက်က Punch Hole မှာ 16MP ၁ လုံး ထည့်သွင်းထားပါတယ်။ ဘက်ထရီက သာမာန်ပဲ ဖြစ်ပြီး 4,300mAh ထည့်ထားပေမယ့် အားသွင်းနှုန်းက Warp Charge 30T ဆိုတော့ မိုက်ပါတယ်။ ကြိုးမဲ့အားသွင်း နည်းပညာ မပါလာဘဲ နားကြပ်ပေါက် တပ်ဆင်ထားပါတယ်။

OnePlus Nord N10 5G, OnePlus Nord N100 launched: Price, specifications and features - Technology News

N10 မှာ Snapdragon 690 Chipset မောင်းနှင်ထားပြီး Adreno 619L GPU ထည့်သွင်းထားပါတယ်။ X51 5G Modem ပါလာတဲ့အတွက် 5G ဆက်သွယ်မှု အသုံးပြုနိုင်ပါတယ်။ 6GB RAM နဲ့ 128GB Storage ပါတဲ့  Nord N10 5G ကို ၃၅၀ ယူရို သတ်မှတ်ထားပြီး ၅ သိန်း ၃ သောင်းလောက်ကျသင့်မှာပါ။ ပထမမျိုးဆက် Nord ဖုန်းထက် ဈေးသက်သာပါတယ်။

OnePlus ဟာ စွမ်းရည်မြင့် စမတ်ဖုန်းတွေကိုပဲ ထုတ်လုပ်ရောင်းချလာခဲ့ရာကနေ ပထမဆုံး တန်ဖိုးနည်း ဖုန်း အဖြစ် OnePlus Nord ကို ကြေညာခဲ့ပါတယ်။ အခုလည်း Nord ထက် ဈေးပိုချိုတဲ့ Nord N10 5G ကို ချပြလိုက်ပါပြီ။

Ref : gsmarena