OnePlus က Nord Series စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ OnePlus Nord N30 SE 5G လို့ အမည်ပေးထားပြီး စွမ်းရည်နိမ့် တန်ဖိုးနည်း အမျိုးအစား ဖြစ်ပါတယ်။ MediaTek Dimensity 6020 Chipset မောင်းနှင်ထားပြီး 4GB RAM နဲ့ 128GB Storage ပါပါတယ်။

OnePlus Nord N30 SE 5G in Cyan Sparkle and Black SatinOnePlus Nord N30 SE 5G in Cyan Sparkle and Black Satin

6.72” LTPS LCD FHD+ မျက်နှာပြင် တပ်ဆင်ထားပြီး အနောက်ဘက်မှာ 50MP Main , 2MP Depth ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံး ပါပါတယ်။

OnePlus Nord N30 SE 5G

Android 13 အခြေပြု OxygenOS 13.1 မောင်းနှင်ထားပြီး 33W SuperVOOC Fast Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။ Cyan Sparkle နဲ့ Black Satin အရောင်တွေ ထုတ်လုပ်ထားပြီး OnePlus Global နဲ့ UAE Official Website တွေမှာ စာရင်းတင်ထားပါတယ်။

OnePlus Nord N30 SE 5G goes official with Dimesnity 6020

UAE မှာ AED 599 သတ်မှတ်ထားပြီး ၁၆၃ ဒေါ်လာ ဝန်းကျင် ကျသင့်ပါတယ်။ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ စတင် ပို့ဆောင်ပေးနေပြီ ဖြစ်ပါတယ်။ တခြား နိုင်ငံတွေမှာ လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်း ရောင်းချနိုင်ပါတယ်။

OnePlus Nord N30 SE 5G key specs

Ref: gsmarena