OnePlus ရဲ့ ပထမဆုံး စမတ်နာရီ ဖြစ်တဲ့ Nord Watch ကို မကြာခင် ကြေညာတော့မယ်လို့ထင်ပါတယ်။ ကုမ္ပဏီက အဲဒီ စမတ်နာရီမှာ ၁.၇၈ လက်မ AMOLED မျက်နှာပြင်၊ 60Hz Refresh Rate ၊ 500 Nits Peak Brightness နဲ့ Watch Face ၁၀၀ ကျော် ပါမယ်လို့ အတည်ပြုထားပြီးပါပြီ။ အရင်က အဲဒီ စမတ်နာရီရဲ့ ဓါတ်ပုံတွေ ပေါက်ကြားခဲ့ဖူးပြီး ဒီဇိုင်းကို လေ့လာလို့ရခဲ့ပါတယ်။ အခုတော့ နာမည်ကြီး Tipster ၁ ယောက်က Specs နဲ့အရောင်တွေကို မျှဝေလိုက်ပါတယ်။

OnePlus-Nord-watch-colors

Tipster Mukul Sharma က OnePlus Nord Watch အတွက် Deep Blue နဲ့ Midnight Black ၂ ရောင် ထုတ်လုပ်ထားမယ်လို့ ပြောပါတယ်။ သူက အဲဒီ အရောင် ၂ ရောင်ရဲ့ ဓါတ်ပုံကိုလည်း မျှဝေလိုက်ပါတယ်။

OnePlus Nord Watch design revealed via leaked render - Gizmochina

OnePlus Nord Watch မှာ ကိုယ်လက်ကြံ့ခိုင်မှု စောင့်ရှောက်ပေးတဲ့ လုပ်ဆောင်ချက်များစွာ ပါလာမှာပါ။ Fitness Mode ပေါင်း ၁၀၅ ခု ထည့်သွင်းထားပြီး လမ်းလျှောက်တာ၊ ပြေးတာ၊ စက်ဘီးစီးတာတွေကို တွက်ချက်ပေးနိုင်မှာပါ။

OnePlus Nord Watch မှာ နှလုံးခုန်နှုန်း၊ သွေးတွင်းအောက်ဆီဂျင် ပမာဏနဲ့ စိတ်ဖိစီးမှုတွေကို တွက်ချက်ပေးနိုင်မှာဖြစ်ပြီး အမျိုးသမီးတွေရဲ့ ဓမ္မတာ စက်ဝန်းကို တိုင်းတာပေးနိုင်မှာပါ။ ဘက်ထရီ သက်တမ်းက ၁၀ ရက်အထိ အသုံးခံမှာပါ။

OnePlus Nord Watch ရဲ့ ဈေးနှုန်းကို မသိရသေးပါဘူး။ ဒါပေမယ့် Nord Brand ဖြစ်တဲ့အတွက် ဒေါ်လာ ၅၀ နဲ့ ၆၀ အကြား ရှိနိုင်ပါတယ်။ စက်တင်ဘာလ ၂၈ ရက်နေ့ အိန္ဒိယမှာ OnePlus Nord Watch ကို ကြေညာနိုင်ပါတယ်။

Ref : gizmochina