OnePlus က ကုမ္ပဏီရဲ့ ပထမဆုံး Foldable ဖုန်း ဖြစ်တဲ့ OnePlus Open ကို ကြေညာလိုက်ပါတယ်။ စာအုပ်စတိုင် Foldable ဒီဇိုင်း ဖြစ်ပြီး ကိုင်ရတာ သက်တောင့်သက်သာ ရှိပါတယ်။
ခေါက်ထားရင် OnePlus Open ရဲ့ 6.31” 2484x1116p Super Fluid LTPO 3.0 AMOLED မျက်နှာပြင်ကို သုံးနိုင်မှာ ဖြစ်ပြီး 10-120Hz Dynamic Refresh Rate ပါပါတယ်။ 1,400 Nit Typical နဲ့ 2,800 Nit Peak Brightness ထောက်ပံ့ထားပါတယ်။
အတွင်းဘက်မှာ 7.82” 2440x2268p Flexi-fluid LTPO 3.0 AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး 1-120Hz Dynamic Refresh Rate ထောက်ပံ့ထားပါတယ်။ Peak Brightness က အပြင် မျက်နှာပြင်နဲ့ တူညီပါတယ်။
OnePlus Open ရဲ့ Voyager Black မှာ အနောက်ဘက်ဟာ သားရေအတု ဒီဇိုင်းဖြစ်ပါတယ်။ Emerald Dusk (Green) ရဲ့ အနောက်ဘက်ကိုတော့ ဖန်နဲ့ ဖုံးအုပ်ထားပါတယ်။
OnePlus Open မှာ ကင်မရာကို အသားပေးထားပြီး Hasselblad Tuning ပါတဲ့ ကင်မရာ ၅ လုံး တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ ပင်မ ကင်မရာ အနေနဲ့ Sony ရဲ့ 48MP LYTIA-T808 “pixel stacked” Sensor ကို သုံးထားပါတယ်။ 48MP Ultrawide , 64MP Telephoto ကင်မရာတွေနဲ့အားဖြည့်ထားပါတယ်။
ဆဲလ်ဖီး ကင်မရာ ၂ လုံး တပ်ဆင်ထားပြီး 20MP ဟာ အတွင်းဘက် နဲ့ 32MP ဟာ အပြင်ဘက်မှာ ဖြစ်ပါတယ်။
OnePlus Open မှာ Snapdragon 8 Gen 2 မောင်းနှင်ထားပြီး 16GB LPDDR5x RAM နဲ့ 512GB Storage ထည့်သွင်းထားပါတယ်။ 67W Charging ထောက်ပံ့တဲ့ 4,805mAh Battery ပါပါတယ်။ OnePlus က ၁ ကနေ ၁၀၀ ရာခိုင်နှုန်းကို ၄၂ မိနစ်နဲ့ အားသွင်းပေးနိုင်တယ်လို့ ပြောပါတယ်။
OnePlus Open အတွက် 16/512GB Version ၁ မျိုးထဲ ထုတ်လုပ်ထားပြီး ၁,၇၉၉ ယူရို သတ်မှတ်ထားပါတယ်။
Ref : gsmarena