OnePlus ဟာ ပထမဆုံး Foldable စမတ်ဖုန်း ဖြစ်တဲ့ Open ကို ဒီလထဲ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ အခုတော့ ကုမ္ပဏီက အဲဒီဖုန်းရဲ့ ဗီဒီယို ၁ ခုကို မျှဝေလိုက်ပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်ကလည်း အိန္ဒိယ မင်းသမီး ၁ ယောက်က အဲဒီဖုန်းကို ကိုင်နေတာတွေ့ခဲ့ရပါတယ်။

ဒီနေ့ ဗီဒီယိုကို Unbox Therapy က မျှဝေထားတာ ဖြစ်ပြီး OnePlus အကြီးအကဲ Pete Lau နဲ့ အင်တာဗျူး ပြုလုပ်ထားတာပါ။ သူက ဖုန်းရဲ့ Hinge ဒီဇိုင်းအကြောင်းကို ဗီဒီယိုမှာ ရှင်းပြထားပါတယ်။ OnePlus Open ဟာ Hinge Gap မပါလာဘူးလို့ သူက ပြောပါတယ်။

Open ရဲ့ Hinge မှာ OPPO Find N2 ထက် အစိတ်အပိုင်း ၃၁ ခု နည်းပါးတဲ့အတွက် အရွယ်အစားနဲ့ အလေးချိန်ကို လျှော့ချပေးထားပါတယ်။ Lau က သူ့ရဲ့ ကုမ္ပဏီဟာ Foldable ဖုန်းကို အစောဆုံး ထုတ်လုပ်တာ မဟုတ်ပေမယ့် အကောင်းဆုံး ဖြစ်အောင် ဖန်တီးထားတယ်လို့ ပြောပါတယ်။ တခြား OnePlus Device တွေလိုပဲ လျှင်မြန် ချောမွတ်မယ်လို့ သူက ကတိပေးထားပါတယ်။  Alert Slider လည်း ပါလာမှာပါ။

OnePlus Open hype building campaign officially starts with a first look  video - GSMArena.com news

Lau က အဲဒီဖုန်းကို OnePlus နဲ့ OPPO တို့ ပူးပေါင်း ဖန်တီးထားတာ ဖြစ်ပြီး ကုမ္ပဏီ ၂ ခုရဲ့ မတူညီတဲ့ ကျွမ်းကျင်မှုတွေ ပေါင်းစပ် တည်ဆောက်ထားတယ်လို့ ပြောပါတယ်။ Lau က OnePlus Flip ဖုန်းကို မထုတ်လုပ်သေးဘူးလို့ ပြောပါတယ်။

Ref : gsmarena