OnePlus က စွမ်းရည်မြင့် Android တက်ဘလက်ကို ကြေညာလိုက်ပါတယ်။ OnePlus Pad 2 လို့ အမည်ပေးထားပြီး 12.1” IPS LCD 2120x3000p Display တပ်ဆင်ထားပါတယ်။ 144Hz Refresh Rate နဲ့ 900 Nits Peak ထောက်ပံ့ထားပြီး 7:5 Aspect Ratio ဖြစ်ပါတယ်။

OnePlus Pad 2

စပီကာ ၆ လုံး ပါလာပြီး OnePlus Stylo 2 နဲ့ တွဲဖက်အသုံးပြုနိုင်ပါတယ်။ Smart Keyboard Accessory ကိုလည်း ထုတ်လုပ်ပေးထားပါတယ်။

OnePlus Pad 2 announced with SD 8 Gen 3 and 9,510 mAh battery

Pad 2 မှာ Qualcomm ရဲ့ စွမ်းရည်မြင့် Snapdragon 8 Gen 3 Chipset မောင်းနှင်ထားပြီး 8/12GB RAM နဲ့ 128/256GB Storage ထည့်သွင်းထားပါတယ်။ Bluetooth 5.4 , NFC နဲ့ WiFi 7 ဆက်သွယ်မှု ပါပါတယ်။

Android 14 အခြေပြု OxygenOS 14 မောင်းနှင်ထားပြီး OnePlus Continuity Features တွေ ပါပါတယ်။ Content Sync က OnePlus ဖုန်းနဲ့ တက်ဘလက်အကြားမှာ ဓါတ်ပုံနဲ့ ဗီဒီယိုတွေကို Sync လုပ်ပေးနိုင်ပါတယ်။ Clipboard Sync နဲ့ Notification Sync တွေလည်း ထည့်သွင်းထားပြီး AI Eraser 2.0 လို AI Features တွေ ပါပါတယ်။

OnePlus Pad 2 အတွက် Gray အရောင်ထုတ်လုပ်ထားပြီး ၅၅၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ အမေရိကန်မှာ ဒီလ ၃၀ ရက်နေ့နဲ့ ဥရော၊ အိန္ဒိယမှာ ဩဂုတ်လ ၁ ရက်နေ့ ရောင်းမှာပါ။

Ref : gsmarena