OnePlus က စွမ်းရည်မြင့် တက်ဘလက် ၁ လုံးကို ကြေညာဖို့ပြင်ဆင်နေပြီး အဲဒါက OnePlus Pad 2 ဖြစ်ပါတယ်။ Tipster Max Jambor က အဲဒီ တက်ဘလက်မှာ Snapdragon 8 Gen 3 Chipset ထည့်သွင်းထားမယ်လို့ ပြောပါတယ်။

အခုအချိန်အထိ ဘယ်ကုမ္ပဏီကမှ SD 8 Gen 3 ပါတဲ့ တက်ဘလက်ကို ရောင်းချခြင်း မရှိသေးပါဘူး။ Xiaomi Pad 7 Pro မှာလည်း အဲဒီ Chip ပါလာနိုင်တယ်လို့ သတင်းထွက်နေပါတယ်။

OnePlus ရဲ့ ပထမဆုံး တက်ဘလက် ဖြစ်တဲ့ OnePlus Pad ကို အရင်နှစ်က ကြေညာခဲ့ပြီး OPPO Pad 2 ကို နာမည်ပြောင်းထားတာ ဖြစ်ပါတယ်။ မကြာခင်က သတင်းအရ OPPO ဟာလည်း Snapdragon 8 Gen 3 ပါတဲ့ OPPO Pad 3 ကို တရုတ်မှာ ရောင်းမယ်လို့ သိရပါတယ်။ မေလမှာ Reno 12 Series နဲ့အတူ ကြေညာနိုင်ပါတယ်။ အဲဒါကို နိုင်ငံတကာမှာ OnePlus Pad 2 အနေနဲ့ ကြေညာနိုင်ပါတယ်။

OnePlus Pad Specs | OnePlus United States

Snapdragon 8 Gen 3 Chipset ပါတဲ့အတွက် OnePlus Pad 2 ဟာ အရင်မျိုးဆက်ထက် ဈေးများနိုင်ပါတယ်။ Dimensity 9000 Chip ပါတဲ့ OnePlus Pad ကို ဥရောပမှာ ၄၉၉ ယူရိုနဲ့ အိန္ဒိယမှာ ၄၅၅ ဒေါ်လာနဲ့ ရောင်းချခဲ့ပါတယ်။ Pad 2 ကို ၅၄၀ ဒေါ်လာဝန်းကျင်နဲ့ အိန္ဒိယမှာ ရောင်းချနိုင်ပါတယ်။

Ref : gizmochina