OnePlus က ဇူလိုင်လ ၁၆ ရက်နေ့ အီတလီ၊ မီလန်မှာ Nord 4, Nord Buds 3 Pro TWS Earphones, Watch 2R နဲ့ Pad 2 ကို ကြေညာမှာပါ။ ကုမ္ပဏီက OnePlus Pad 2 အကြောင်းကို ဘာမှ မပြောသေးပေမယ့် အခုထွက်လာတဲ့ သတင်းအရ တက်ဘလက်ဟာ လုံးဝ အသစ် မဟုတ်ပါဘူး။

OnePlus Pad Pro

OnePlus Pad 2 ကို ဇူလိုင်လ ၁၆ ရက်နေ့မှာ အိန္ဒိယမှာလည်း ကြေညာမှာ ဖြစ်ပြီး Snapdragon 8 Gen 3 SoC နဲ့ 8/128GB နဲ့ 12/256GB Version တွေ ထုတ်လုပ်ထားမှာပါ။

OnePlus Pad Specs - OnePlus (United Kingdom)

တက်ဘလက်မှာ 12.1” 144Hz LCD 3000x2120p Display , 900 Nits Peak Brightness နဲ့ Dolby Vision Support ထည့်သွင်းထားမှာပါ။ စပီကာ ၆ လုံး ပါလာမှာ ဖြစ်ပြီး 13MP Main နဲ့ 8MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားမှာပါ။ 67W Wired Charging ထောက်ပံ့တဲ့ 9,510mAh Battery ပါလာမှာပါ။

အဲဒီ Specs တွေအရ OnePlus Pad 2 ဟာ တရုတ်မှာပဲ ရောင်းချထားတဲ့ OnePlus Pad Pro နဲ့ တူညီနေပါတယ်။ OnePlus ဟာ အိန္ဒိယမှာ Pad 2 အတွက် OnePlus Stylo 2 Stylus နဲ့ Smart Keyboard ကိုပါ ရောင်းချမယ်လို့ သိရပါတယ်။

Ref : gsmarena