OnePlus က တရုတ်မှာ Pad Pro Android တက်ဘလက်နဲ့ Watch 2 eSIM Version ကို ကြေညာလိုက်ပါတယ်။

OnePlus Pad Pro and Watch 2 eSIM version also unveiled

OnePlus Pad Pro ဟာ ကုမ္ပဏီရဲ့ စွမ်းရည်မြင့် Android တက်ဘလက် ဖြစ်ပြီး 12.1” Display တပ်ဆင်ထားပါတယ်။ Snapdragon 8 Gen 3 Chipset မောင်းနှင်ထားပြီး 67W Charging ထောက်ပံ့တဲ့ 9,510mAh Battery ပါပါတယ်။

Display က IPS LCD ဖြစ်ပြီး 2,120×3,000p Resolution နဲ့ 144Hz Refresh Rate ထောက်ပံ့ထားပါတယ်။ တက်ဘလက်မှာ စပီကာ ၄ လုံး ထည့်သွင်းထားပြီး OnePlus Smart Stylus နဲ့ တွဲဖက် အသုံးပြုနိုင်ပါတယ်။ Space Gray နဲ့ Khaki Green အရောင်တွေ ထုတ်လုပ်ထားပြီး 8/128GB ကို ၃၉၉ ဒေါ်လာနဲ့ 16/512GB ကို ၅၂၂ ဒေါ်လာ သတ်မှတ်ထားပါတယ်။

OnePlus Pad Pro and Watch 2 eSIM version also unveiled - GSMArena.com newsOnePlus Pad Pro and Watch 2 eSIM version also unveiled - GSMArena.com news

OnePlus Watch 2 eSIM ရဲ့ Specs တွေဟာ အခြေခံ မော်ဒယ်နဲ့ တူညီပေမယ့် ဒီဇိုင်း အနည်းငယ်ပြောင်းလဲထားပါတယ်။ Meteorite Black နဲ့ Nebula Green အရောင်တွေ ထုတ်လုပ်ထားပြီး ၂၄၇ ဒေါ်လာ သတ်မှတ်ထားပါတယ်။

OnePlus က Buds 3 အတွက်လည်း Khaki Green အရောင်အသစ်ကို ရောင်းချပေးလိုက်ပြီး အရင်က Black နဲ့ Blue အရောင်တွေ ရောင်းချထားပါတယ်။

Ref : gsmarena