OnePlus က OnePlus 11R ရဲ့ တရားဝင် Teaser ကို မျှဝေလိုက်ပြီး ဖုန်းရဲ့ သတင်းအချက်အလက် တချို့ကို သိလာရပါပြီ။ ကျန်တဲ့ သတင်းအချက်အလက်တွေကို ဒီလ ၇ ရက်နေ့ မိတ်ဆက်ပွဲကျမှ သိရမှာဖြစ်ပြီး အဲဒီပွဲမှာ OnePlus 11 ကိုပါ ကြေညာမှာပါ။

OnePlus announces OnePlus 11R with Snapdragon 8+ Gen 1 and 100W charging

OnePlus 11R မှာ Snapdragon 8+ Gen 1 မောင်းနှင်ထားမှာ ဖြစ်ပြီး OnePlus 10T မှာ သုံးထားတာနဲ့ တူညီပါတယ်။ OnePlus 11 ရဲ့ Snapdragon 8 Gen 2 ထက်တော့ စွမ်းရည်နိမ့်မှာပါ။ OnePlus 11R မှာ OnePlus 10T နဲ့ တူညီတဲ့ Vapor Chamber Cooling System ကို အသုံးပြုထားမှာ ဖြစ်ပြီး OnePlus 10 Pro ထက် ၆၄ ရာခိုင်နှုန်း ပိုမိုကြီးမားပါတယ်။

OnePlus teases OnePlus 11R: Snapdragon 8+ Gen 1 and 100W charging - GSMArena.com news

16GB RAM အထိ ထည့်သွင်းထားမှာ ဖြစ်ပြီး ဖုန်း အသုံးပြုနေချိန်အတွင်း Memory နေရာချမှုကိုပိုမိုမြန်ဆန်စေဖို့ Machine Learning နဲ့ AI ကို အသုံးပြုတဲ့ RAM-Vita လုပ်ဆောင်ချက် အသစ်ပါလာမှာပါ။

OnePlus 11R မှာ 120Hz မျက်နှာပြင် ထည့်သွင်းထားမှာ ဖြစ်ပြီး 40Hz, 45Hz, 60Hz , 90Hz နဲ့ 120Hz တို့ကို ပြောင်းလဲနိုင်ပါတယ်။ 100W SuperVOOC Fast Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ ပါလာမှာဖြစ်ပြီး ၂၅ မိနစ်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။

တခြား သတင်းအချက်အလက်တွေ၊ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို ဒီလ ၇ ရက်နေ့ကျမှ သိရမှာ ဖြစ်ပြီး အဲဒီပွဲမှာ OnePlus 11R နဲ့အတူ OnePlus 11 , OnePlus Pad, OnePlus Buds Pro 2 နဲ့ OnePlus TV 65 Q2 Pro တို့ကိုပါ ကြေညာမှာပါ။

Ref : gsmarena