OnePlus က နောက်မျိုးဆက် OS Version ကို ကြေညာဖို့ ပြင်ဆင်နေပြီး အခုတော့ ဒီလ ၁၀ ရက်နေ့မှာ ချပြမယ်လို့ သတင်းပေးလိုက်ပါတယ်။ OS အသစ်မှာ UI Design အသစ်တွေနဲ့ လုပ်ဆောင်ချက် အသစ်တွေ ပါလာမှာ ဖြစ်ပြီး OnePlus က “Brand-new Interactive Concept” လို့ သုံးနှုန်းပါတယ်။ Notification သုံးရတဲ့ နည်းလမ်းတွေကို ဆန်းသစ်ထားမယ်လို့ ထင်ပါတယ်။

မိတ်ဆက်ပွဲကို တရုတ်လူမှုကွန်ရက် ဝီဘိုကနေ ပြုလုပ်မှာ ဖြစ်ပြီး OnePlus ဟာ Hydrogen 11 လို့ နာမည်ပေးထားမှာပါ။ Oxygen 11 ဖြစ်သင့်ပေမယ့် Google Services မပါဘဲ တချို့နိုင်ငံတွေအတွက် သီးသန့် ဖန်တီးထားတာတွေ ပါလာမှာပါ။

OnePlus ဟာ တရုတ်က OS Version အသစ်မှာ Bug တွေ မတွေ့ရတာနဲ့ နိုင်ငံတကာအတွက် OS Version ကို ဖန်တီးပေးမှာ ဖြစ်ပါတယ်။ OnePlus CEO Pete Lau က “11 on display” စာသား ပါတဲ့ Tweet ၁ ခုကို ပြီးခဲ့တဲ့ ၁ ပတ်က တင်ခဲ့တဲ့အတွက် OnePlus ဟာ Android 11 ပါတဲ့ သူ့ Device တွေမှာ Always-on Display လုပ်ဆောင်ချက်ကို ထည့်သွင်းပေးနိုင်ပါတယ်။ နောက် ၁ လ ၊ ၂ လလောက်မှာ ကြေညာမယ့် OnePlus 8T Series တွေမှာ OS အသစ်ပါလာနိုင်ပါတယ်။

Ref : gsmarena