OnePlus က Nord Series ဖုန်း အသစ် ဖြစ်တဲ့ Nord 2T ကို ကြေညာလိုက်ပါတယ်။ MediaTek ရဲ့ Dimensity 1300 Chipset အသစ်ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်ပြီး 120Hz မျက်နှာပြင်နဲ့ 80W Fast Charging ကို ထောက်ပံ့ပါတယ်။
Nord 2T ဟာ Nord 2 ထက် Chipset ၊ ဆဲလ်ဖီး ကင်မရာနဲ့ အားသွင်းနှုန်း အပိုင်းတွေမှာ ပိုကောင်းလာပါတယ်။ Chipset ကို TSMC ရဲ့ 6nm Process နဲ့ တည်ဆောက်ထားပြီး 3GHz Arm-Cortex A78 Core ၁ လုံး၊ 2.6GHz A78s Core ၃ လုံးနဲ့ 2GHz A55s Core ၄ လုံး ပါပါတယ်။ Arm Mali-G77 MC9 GPU ထည့်သွင်းထားပါတယ်။
၆.၄၃ လက်မ AMOLED FHD+ မျက်နှာပြင် ထည့်သွင်းထားပြီး Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။ 32MP ဆဲလ်ဖီး ကင်မရာကို Punch Hole မှာ တပ်ဆင်ထားပြီး အနောက်ဘက်မှာ 50MP Sony IMX 766 Main , 8MP Ultrawide နဲ့ 2MP Monochrome ကင်မရာ ၃ လုံး ပါလာပါတယ်။ Android 12 အခြေပြု OxygenOS 12.1 မောင်းနှင်ထားပြီး 80W SuperVOOC Charging ပါတဲ့ 4,500mAh ဘက်ထရီ ထည့်ထားပါတယ်။
OnePlus Nord 2T အတွက် Jade Fog နဲ့ Gray Shadow အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 8/128GB Version ကို ၃၉၉ ယူရိုနဲ့ 12/256GB Version ကို ၄၉၉ ယူရို သတ်မှတ်ထားပြီး မြန်မာငွေ ၇၈၀,၀၀၀ နဲ့ ၉၇၀,၀၀၀ ဝန်းကျင် အသီးသီး ကျသင့်မှာပါ။ မေလ ၂၄ ရက်နေ့ စတင် ရောင်းချမှာပါ။
Ref : gsmarena