OnePlus က Nord CE 3 Lite ကို ကြေညာလိုက်ပြီး 108MP ကင်မရာနဲ့ 67W Charging ပါလာပါတယ်။ 108MP ကင်မရာဟာ 1/1.67” ISOCELL HM6 ဆန်ဆာအပေါ် အခြေခံထားတာ ဖြစ်ပါတယ်။ 12MP Output အတွက် 9-to-1 ကို Binned လုပ်ပေးနိုင်တဲ့ 0.64µm Pixels ပါပါတယ်။ အဲဒီအတွက် 3x Lossless Zoom ( 6x Digital Zoom အထိ) ဖမ်းယူပေးနိုင်ပါတယ်။ အနောက်ဘက်မှာ 2MP Macro နဲ့ 2MP Depth ကင်မရာ ၂ လုံးနဲ့ အားဖြည့်ထားပါတယ်။

OnePlus unveils the Nord CE 3 Lite with 108MP camera and 67W charging - GSMArena.com news

Nord CE 3 Lite မှာ Snapdragon 695 Chip မောင်းနှင်ထားပြီး အနည်းဆုံး 8GB RAM ထည့်သွင်းထားကာ 8GB Virtual RAM သုံးနိုင်ပါတယ်။ Android 13 အခြေပြု OxygenOS 13.1 မောင်းနှင်ထားပြီး 128GB , 256GB UFS 2.2 Storage ရွေးချယ်နိုင်ကာ microSD Card စိုက်နိုင်ပါတယ်။

OnePlus unveils the Nord CE 3 Lite and Nord Buds 2

6.72” LCD FHD+ မျက်နှာပြင် တပ်ဆင်ထားပြီး 120Hz Refresh Rate , 240Hz Touch Sampling Rate ထောက်ပံ့ထားပြီး အမြင့်ဆုံး အနေနဲ့ 680 Nits Brightness သုံးနိုင်ပါတယ်။ မျက်နှာပြင်ကို Gorilla Glass နဲ့ ကာကွယ်ထားပါတယ်။

Pastel Lime နဲ့ Chromatic Gray အရောင်တွေ ထုတ်လုပ်ထားပြီး 5,000mAh Battery နဲ့ 67W SuperVOOC Charging ပါလာပါတယ်။ မိနစ် ၃၀ အတွင်း ၈၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။

Nord CE 3 Lite ကို ဧပြီလ ၂၅ ရက်နေ့ ဥရောပမှာ ရောင်းချမှာ ဖြစ်ပြီး 8/128GB ကို ၃၃၀ ယူရို သတ်မှတ်ထားပါတယ်။

Ref: gsmarena