OnePlus ဟာ ကိုယ်ပိုင် Smartwatch ကို မိတ်ဆက်သွားမယ်ဆိုပြီး သတင်းတွေထွက်ရှိနေတာ အခုဆိုရင်လပိုင်းခန့်ရှိနေပြီဖြစ်ပါတယ်။ ဒါပေမယ့် Design ဓါတ်ပုံအနည်းငယ်ကလွဲပြီး အခုအချိန်အထိ ဘယ်အချိန်မှာ မိတ်ဆက်လာမယ်ဆိုတဲ့ သတင်းအတိအကျကိုတော့ သိရှိရခြင်းမရှိသေးပါဘူး။

အခုအချိန်မှာတော့ OnePlus ရဲ့ CEO နဲ့ Co-founder ဖြစ်တဲ့ Pete Lau က Twitter Account ကနေ တစ်ဆင့် လာမယ့် ၂၀၂၁ ခုနှစ်မှာ မိတ်ဆက်သွားမယ်ဆိုတာကို အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ သူ့ရဲ့ ပြောကြားချက်အရတော့ ၂၀၂၁ ခုနှစ်အစောပိုင်းမှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

OnePlus Smartwatch ဟာ အစောပိုင်းတုန်းက ကိုယ်ပိုင် OS နဲ့ မိတ်ဆက်လာမယ်ဆိုပြီး သတင်းတွေထွက်ရှိခဲ့ပေမယ့် မကြာသေးခင်တုန်းက Google ရဲ့ Wear OS ကိုပါ အတူယှဥ်တွဲပြီး ဆောင်ရွက်နေတယ်ဆိုပြီးလည်း သတင်းထွက်ရှိထားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် တကယ်တမ်းမိတ်ဆက်တဲ့အချိန်မှာ Software ပိုင်းက ဘယ်လိုမျိုးဖြစ်လာမလဲဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

ဘာပဲဖြစ်ဖြစ် OnePlus Watch ဟာ Qualcomm Snapdragon 4100 Series Chipset ကို အသုံးပြုထားမှာဖြစ်ပြီး တလောက မိတ်ဆက်ထားတဲ့ Vivo Watch နဲ့ ဆင်တူမယ်လို့ ယူဆရပါတယ်။ ဖြစ်နိုင်ခြေများနေတာကတော့ OnePlus 9 Series ဖုန်းတွေနဲ့အတူ မိတ်ဆက်သွားနိုင်ပါတယ်။

Ref – GSM Arena