OnePlus ဟာ ပြီးခဲ့တဲ့လပိုင်းတုန်းက Mid Range ဖုန်းတစ်လုံးဖြစ်တဲ့ OnePlus Nord ကို မိတ်ဆက်ခဲ့ပြီး အခုအချိန်မှာလည်း စျေးပိုသက်သာတဲ့ Mid Range ဖုန်းအသစ်တွေကို မိတ်ဆက်တော့မယ်ဆိုပြီး သတင်းတွေထွက်ရှိနေတာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ မကြာခင်မှာ OnePlus ကနေ Smartwatch ကိုပါ မိတ်ဆက်လာတော့မယ့်ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် Model Number W301GB လို့ နာမည်ပေးထားတဲ့ OnePlus Watch က Singapore IMDA မှာ Certification ရရှိခဲ့တာကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း OnePlus Watch က ဘယ်လိုမျိုး Design ဖြစ်လာမလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။

ဖြစ်နိုင်ခြေများနေတာကတော့ မကြာသေးခင်တုန်းက OPPO ကနေ Android Wear OS ကို အသုံးပြုထားတဲ့ OPPO Watch ကို မိတ်ဆက်ခဲ့တဲ့အတွက် OnePlus Watch ကလည်း ဆင်တူတဲ့ Design ကိုပဲ အသုံးပြုလာနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် Wear OS ကို အသုံးပြုလာမယ်ဆိုရင်တော့ လက်ရှိ Android စမတ်ဖုန်းတွေအတွက် နောက်ထပ်ရွေးချယ်စရာ Smartwatch တစ်ခုဖြစ်လာနိုင်ခြေများနေပါတယ်။

OnePlus Watch ကိုတော့ ယခုနှစ်ကုန်ပိုင်းမှာပဲ OnePlus 8T Series စမတ်ဖုန်းတွေနဲ့အတူ မိတ်ဆက်လာမယ်လို့ ယူဆရပါတယ်။ OnePlus 8T Series ဖုန်းတွေဟာလည်း ယခင်နှစ်တွေကလိုမျိုး သတင်းတွေပေါက်ကြားခြင်းမရှိသေးတဲ့အတွက် မိတ်ဆက်မယ့်အချိန်က အနည်းငယ်နောက်ကျနိုင်တယ်လို့တောင် ပြောရမှာပါ။

Ref – Gizmo China