OnePlus ဟာ ပြီးခဲ့တဲ့လပိုင်းတုန်းက OnePlus Nord နာမည်နဲ့ Mid Range စမတ်ဖုန်းတစ်လုံးကို နှစ်အတော်ကြာပြီးမှ ပထမဆုံးအနေနဲ့ မိတ်ဆက်ခဲ့ပါတယ်။ အခုလည်း OnePlus ဟာ တခြားသော စမတ်ဖုန်းထုတ်လုပ်သူတွေလိုမျိုးပဲ Budget နဲ့ Mid Range စမတ်ဖုန်းတွေကို ထပ်မံထုတ်လုပ်သွားဦးမယ့်ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် Chun အမည်ရတဲ့ Leakster တစ်ဦးကနေ Twitter စာမျက်နှာမှာ OnePlus ကနေ Snapdragon 665 သို့မဟုတ် Snapdragon 662 Chipset ကို အသုံးပြုထားတဲ့ Mid Range ဖုန်းတစ်လုံးကို လာမယ့်စက်တင်ဘာလမှာ မိတ်ဆက်သွားဖို့ရှိတယ်ဆိုပြီး ဖော်ပြခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ပြောကြားချက်အရ OPPO ဟာ စက်တင်ဘာလ အစောပိုင်းမှာ Snapdragon 662 Chipset နဲ့ စမတ်ဖုန်းကို အရင်မိတ်ဆက်မှာဖြစ်ပြီး နောက်မှ OnePlus ကနေ မိတ်ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

OPPO ကနေ မိတ်ဆက်မယ့် Snapdragon 662 Chipset နဲ့ စမတ်ဖုန်းဟာ INR 20,000 (မြန်မာငွေ ၃ သိန်း ၆ သောင်း) ဝန်းကျင် ကျသင့်မှာဖြစ်ပြီး OnePlus ရဲ့ Snapdragon 665 Chipset နဲ့ စမတ်ဖုန်းကတော့ INR 16,000 ကနေ 18,000 ကြားကျသင့်မယ်လို့သိရတဲ့အတွက် မြန်မာငွေ ၃ သိန်းဝန်းကျင်ခန့်ကျသင့်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် OnePlus ကနေ မိတ်ဆက်တဲ့စမတ်ဖုန်းတွေထဲမှာ စျေးအသက်သာဆုံးလည်းဖြစ်လာမှာပါ။

Chun ရဲ့ ပြောကြားချက်အရတော့ အဆိုပါ Mid Range OnePlus စမတ်ဖုန်းဟာ India စျေးကွက်အတွက် ထွက်ရှိလာဖို့ကတော့ ကျိန်းသေပြီးတော့ ကျန်တဲ့စျေးကွက်တွေမှာ ရောင်းချမလားဆိုတာကိုတေ့ာ မသိရှိရသေးပါဘူး။ ဘာပဲဖြစ်ဖြစ် တရုတ်နိုင်ငံမှာပါ ရောင်းချမယ်ဆိုရင် စျေးနှုန်းအနေနဲ့ အခုထက်တောင် ပိုသက်သာလာနိုင်ပါတယ်။

Ref – Gizmo China