OnePlus ဟာ ယခုနှစ်အတွက် နောက်ထပ် Flagship စမတ်ဖုန်းအသစ်ဖြစ်လာမယ့် OnePlus 10T တရားဝင် မိတ်ဆက်မယ့်အချိန်ကို ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပါတယ်။ OnePlus ရဲ့ ကြေညာချက်အရတော့ OnePlus 10T ဖုန်းဟာ လာမယ့် သြဂုတ်လ ၃ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမှာပဲ ဖြစ်ပါတယ်။

OnePlus ဟာ OnePlus 10T စမတ်ဖုန်း မိတ်ဆက်ပွဲကို New York မြို့ Gotham Hall မှာ ပြုလုပ်သွားမှာဖြစ်ပြီး ကြည့်ရှုချင်သူတွေအနေနဲ့ လက်မှတ်ဝယ်ယူနိုင်မှာဖြစ်သလို OnePlus Buds အပြင် တခြားသော လက်ဆောင်တွေကိုလည်း ပေးအပ်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် ထုံးစံအတိုင်း Online ကနေ ကြည့်ရှုချင်တဲ့သူတွေအတွက်လည်း Live Streaming ပြုလုပ်ပေးသွားမှာပါ။

ထူးခြားချက်တစ်ခုကတော့ OnePlus ဟာ အဆိုပါ Event မှာ OnePlus 10T စမတ်ဖုန်းအပြင် OnePlus ရဲ့ Software Update အသစ်ဖြစ်လာမယ့် OxygenOS 13 ကိုပါ မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ အဆိုပါ OxygenOS 13 ဟာ Google ရဲ့ Android 13 OS ကို အဓိကအခြေခံထားမှာဖြစ်ပြီး Android Feature အသစ်တွေအပြင် OnePlus ရဲ့ ကိုယ်ပိုင် Feature အသစ်တွေလည်းပါဝင်လာဖွယ်ရှိပါတယ်။

OnePlus 10T ကို “Evolve Beyond Speed” ဆိုတဲ့ Tagline နဲ့ ကြော်ငြာနေတာဖြစ်ပြီး လက်ရှိအချိန်မှာ Android ဖုန်းတွေအတွက် အကောင်းဆုံး Processor ဖြစ်တဲ့ Qualcomm Snapdragon 8+ Gen1 Chipset ကို အသုံးပြုထားမှာဖြစ်ပါတယ်။ Design ပိုင်းအနေနဲ့ကတော့ OnePlus 10 Design ကိုပဲ အနည်းငယ်ပြောင်းလဲထားမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena