OnePlus 8 စီးရီးရဲ့ Lite ဗားရှင်းကို OnePlus Z လို့အမည်ပေးလာမှာဖြစ်ပြီး ဧပြီ ၁၄ ရက်နေ့က မိတ်ဆက်ရာမှာ မပါဝင်ခဲ့ပါဘူး။ ယနေ့ထွက်လာတဲ့သတင်းမှာတော့ OnePlus Z ဟာ ဇူလိုင်လမှ ရောက်ရှိလာမယ်လို့ ဆိုပါတယ်။

ဒါပေမယ့် OnePlus ဟာ 8 စီးရီးအတွက် Lite ဗားရှင်းကို ထုတ်လုပ်နေတယ်လို့တော့ တရားဝင်မဖော်ပြခဲ့ဖူးဘဲ သတင်းများအရ သိခဲ့ရတာပါ။ ဒီဖုန်းဟာ OnePlus အတွက် ပထမဆုံး Snapdragon ချစ်ပ်ဆက်မသုံးတဲ့ စမတ်ဖုန်းအဖြစ် ဖန်တီးခဲ့ပြီး MediaTek Dimensity 1000L ကို ရွေးချယ်ထားတယ်လို့ ဆိုပါတယ်။

OnePlus Z ရဲ့ Outline ပုံပေါက်ကြားခဲ့ရာမှာ OnePlus 8 နဲ့ 8 Pro တို့လို မဟုတ်ဘဲ ဆဲလ်ဖီကင်မရာကို အလယ်မှာ ထားတာကိုမြင်ခဲ့ရပြီး Notch အစား Punch-hole စတိုင်ဖြစ်နေတာလည်း တွေ့ရပါတယ်။ OnePlus Z ရဲ့ Render ကို ဒီဇင်ဘာထဲက မြင်ခဲ့ရတာဖြစ်ပြီး နောက်ဘက် Triple-camera ကိုလည်း OnePlus 8 နဲ့ နေရာချထားမှု မတူခဲ့ပါဘူး။

OnePlus Z ဟာ ကုမ္ပဏီအတွက် OnePlus X နောက်ပိုင်း ပထမဆုံးအကြိမ် Mid-range ဈေးကွက်ကို ဝင်ရောက်ဖို့ ခြေလှမ်းသစ်ဖြစ်ပါတယ်။ 8 စီးရီးထက် ဈေးနှုန်းသက်သာမယ့် စမတ်ဖုန်းမှာ ဘယ်လိုဆွဲဆောင်မှုတွေ ပါလာမလဲဆိုတာ ဇူလိုင်လထိ စောင့်ကြည့်ရဦးမှာပါ။

Ref – GSM Arena