Apple ရဲ့ iPhone 13 တွေအကြောင်းပြောဖို့ဆိုတာ စောလွန်းသေးတယ်ဆိုပေမယ့် Leaker တွေကတော့ လွန်ခဲ့တဲ့လကတည်းက ဒီအကြောင်းတွေကို ပြောနေခဲ့ကြတာပါ။ Ming-Chi Kuo ကအစ iPhone 13 Pro မှာ ပိုအဆင့်မြင့်တဲ့ Ultra-wide lens ကို မြင်တွေ့ရမယ်လို့ ဟောကိန်းထုတ်ခဲ့တာပါ။

ဒီတစ်ခါသတင်းထွက်လာတာက iPhone 13 Pro အမျိုးအစားရဲ့ မျက်နှာပြင်ပိုင်းဆိုင်ရာအကြောင်းပါ။ တောင်ကိုရီးယားကနေ ထွက်ပေါ်လာတဲ့သတင်းက လာမယ့် iPhone တွေအနက် ထိပ်တန်းမော်ဒယ်နှစ်မျိုးဟာ 120Hz OLED display တွေနဲ့ဖြစ်မယ်လို့ ဖော်ပြထားပါတယ်။

တောင်ကိုရီးယားက Display ထုတ်လုပ်သူတွေဖြစ်တဲ့ Samsung Display ဟာ Pro Max နဲ့ Mini တွေအတွက် မျက်နှာပြင်ထောက်ပံ့နေပြီး၊ LG Display ကတော့ Pro Max ကလွဲရင် ကျန်မော်ဒယ်တွေအတွက် မျက်နှာပြင်ထောက်ပံ့နေပါတယ်။ လာမယ့် iPhone 13 တွေအတွက် မျက်နှာပြင် အဓိကထောက်ပံ့သူတွေအဖြစ်လည်း ဒီကုမ္ပဏီနှစ်ခုကပဲ ဆက်ပြီးတာဝန်ယူသွားရဖွယ် ရှိနေပါတယ်။

အတိအကျပြောရမယ်ဆိုရင်တော့ ထိပ်တန်းမော်ဒယ်နှစ်မျိုးဖြစ်တဲ့ iPhone 13 Pro နဲ့ iPhone 13 Pro Max တို့နှစ်မျိုးဟာ 120Hz ProMotion display နဲ့ထွက်လာမယ်လို့ ကာလကြာရှည် သတင်းထွက်နေခဲ့တာ ဖြစ်ပါတယ်။ အစောပိုင်းသတင်းတွေက iPhone 13 မော်ဒယ်အားလုံးမှာ မြင့်မားတဲ့ Refresh rate တွေထောက်ပံ့လာမယ်လို့ ဖော်ပြခဲ့ကြပေမယ့်၊ အခုသတင်းမှာတော့ မတူညီတော့တာကို တွေ့မြင်ရပါတယ်။

ဒါကြောင့် အခြေခံအမျိုးအစားတွေဖြစ်တဲ့ iPhone 13 mini, iPhone 13 တို့မှာတော့ LTPS ဖြစ်ပြီး 120Hz ကတော့ LTPO မျက်နှာပြင်နဲ့ ဖြစ်လာပါလိမ့်မယ်။ LTPS က Low-Polysilicon ဖြစ်ပြီး၊ LTPO ကတော့ Low-Polycrystalline Oxide ဖြစ်ပါတယ်။ Apple ဟာ 120Hz ရဲ့ စွမ်းအင်သုံးစွဲမှုကို ဖြေရှင်းဖို့ LTPO နဲ့ LTPO-TFT backplane တို့ကို ရွေးချယ်လိုက်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

ဒီသတင်းသာ မှန်ကန်မယ်ဆိုရင်တော့ iPhone 13 mini- 5.4-inch မှာ LTPS display နဲ့ 60Hz refresh rate, iPhone 13- 6.1-inch မှာ LTPS display နဲ့ 60Hz refresh rate, iPhone 13 Pro- 6.1-inch မှာ LTPO display နဲ့ 120Hz refresh rate, iPhone 13 Pro Max- 6.7-inch မှာ LTPO display နဲ့ 120Hz refresh rate အသီးသီး တွေ့မြင်ရဖွယ်ရှိပါတယ်။

Ref: Gizmochina