အခုခေတ်မှာ NFT တဖြစ်လဲ Non Fungible Token တွေက နည်းပညာကုမ္ပဏီအပြင် တခြားသော Industry တွေမှာပါ ရေပန်းစားနေပြီဖြစ်ပါတယ်။ အခုလည်း Adult Content တွေအတွက် အဓိကရည်ရွယ်တဲ့ Online Subscription Platform တစ်ခုဖြစ်တဲ့ OnlyFans ကနေ NFT တွေကို Profile Picture အဖြစ်ထားနိုင်တဲ့ Feature တစ်ခုကို မိတ်ဆက်လိုက်ပါပြီ။

NFT တွေကို Profile Picture အဖြစ်ထားနိုင်တဲ့ Feature ကို OnlyFans ကနေ အရင်ဆုံးမိတ်ဆက်ခဲ့တာတော့မဟုတ်ဘဲ Twitter နဲ့ Reddit တို့ကလည်း ဆောင်ရွက်ခဲ့ဖူးတာဖြစ်ပါတယ်။ ဒါကြောင့် အခုဆိုရင် OnlyFans ကို အသုံးပြုသူတွေအနေနဲ့လည်း ကိုယ်ပိုင်ဆိုင်တဲ့ NFT တွေကို Profile ပုံထားနိုင်ပြီဖြစ်ပါတယ်။

OnlyFans ဟာ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး Creator တွေကို Subscribe ပြုလုပ်ထားတဲ့သူတွေကိုပဲ သီးသန့်ပြသနိုင်အောင် ရည်ရွယ်ထားတဲ့ Service တစ်ခုဖြစ်ပါတယ်။ NFT တဖြစ်လဲ Non Fungible Token ဆိုတာကတော့ Blockchain နည်းပညာကို အသုံးပြုထားပြီး ပြုလုပ်ထားတဲ့ Artwork သို့မဟုတ် Video တွေဖြစ်ပါတယ်။

တစ်ခုရှိတာကတော့ OnlyFans ကနေ Support ပြုလုပ်တဲ့ NFT တွေဟာ Ethereum Blockchain မှာ Mint ပြုလုပ်ထားမှပဲ လက်ခံမှာဖြစ်ပါတယ်။ ဒါကြောင့် တခြားသော Blockchain တွေမှာ Mint ပြုလုပ်ထားတဲ့ NFT တွေကိုတော့ Profile Picture အနေနဲ့ထားနိုင်မှာမဟုတ်ပါဘူး။

Ref – WTV Bam