ChatGPT ကို ဖန်တီးထားတဲ့ OpenAI ရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀၀ ဖြစ်သွားပြီးနောက် Elon Musk ရဲ့ SpaceX ကို ကျော်တက်ကာ ကမ္ဘာ့တန်ဖိုးအကြီးဆုံး startup ကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။
OpenAI ရဲ့ တန်ဖိုး ဒီလောက်အထိ မြင့်တက်လာရတဲ့ အဓိကအကြောင်းရင်းကတော့ GPT-4 လို အစွမ်းထက်တဲ့ AI မော်ဒယ်တွေနဲ့ ChatGPT လို လူကြိုက်များတဲ့ ဝန်ဆောင်မှုတွေကြောင့် ဖြစ်ပါတယ်။ ဒီနည်းပညာတွေကို ကမ္ဘာတစ်ဝန်းက စီးပွားရေးလုပ်ငန်းတွေနဲ့ သာမန်သုံးစွဲသူ သန်းပေါင်းများစွာက နေ့စဉ်နဲ့အမျှ အသုံးပြုနေကြတာပါ။
AI နည်းပညာတွေဟာ အနာဂတ်ကမ္ဘာကို ပုံဖော်မယ့် အဓိကသော့ချက်ဖြစ်လာတာနဲ့အမျှ OpenAI ရဲ့ ဈေးကွက်တန်ဖိုးနဲ့ သြဇာလွှမ်းမိုးမှုကလည်း ဆက်လက်ကြီးထွားလာဦးမှာ သေချာတယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။
Ref : Bloomberg