OpenAI က GPT-4 ရဲ့ မော်ဒယ် အသစ် ဖြစ်တဲ့ GPT-4o ကို ဖြန့်ချိလိုက်ပြီး ပိုမြန်လာသလို Text, Vision နဲ့ Audio အပိုင်းမှာ စွမ်းရည်ပိုမြင့်လာပါတယ်။ User အားလုံးအတွက် အခမဲ့ အသုံးပြုနိုင်တာက တော်တော်မိုက်ပြီး အခပေး သုံးသူတွေကတော့ အခမဲ့ သုံးသူတွေထက် ၅ ဆ ပိုသုံးနိုင်ပါတယ်။

CTO of OpenAI Mira Murati gives a talk onstage.

OpenAI CEO Sam Altman က အဲဒီမော်ဒယ်ဟာ Content တွေကို ထုတ်လုပ်နိုင်ပြီး Voice, Text, Images အပိုင်းမှာ Command တွေကို နားလည်နိုင်တယ်လို့ ပြောပါတယ်။ GPT-4o နဲ့ အလုပ်လုပ်ချင်တဲ့ Developer တွေဟာ API ကို ထက်ဝက်ဈေးနဲ့ ရရှိနိုင်မှာ ဖြစ်ပြီး GPT-4 Turbo ထက် ၂ ဆပိုမြန်ပါတယ်။

မော်ဒယ်အသစ်မှာ ChatGPT Voice Mode အတွက် Feature အသစ်တွေ ပါလာမှာပါ။ အဲဒီ App ဟာ Her ရုပ်ရှင်ထဲကလို Voice Assistant လို ပြုလုပ်နိုင်ပြီး သင့်ပတ်ဝန်းကျင်မှ အရာတွေကို သိနားလည်သလို အချိန်နဲ့ တစ်ပြေးညီ တုန့်ပြန်နိုင်ပါတယ်။ လက်ရှိ Voice Mode မှာ ကန့်သတ်ချက်ပိုများပြီး တစ်ကြိမ်မှာ Prompt တစ်ခုကိုပဲ တုန့်ပြန်နိုင်ပါတယ်။

Sam Altman က OpenAI ဟာ အခပေး API ကို Developer တွေအတွက် ဖြန့်ချိပေးမှာ ဖြစ်ပြီး သူတို့ရဲ့ AI မော်ဒယ်တွေကို Developer တွေက လူသားတွေအတွက် အကျိုးရှိအောင် ပြုလုပ်နိုင်မယ်လို့ ပြောပါတယ်။

Ref : theverge