ChatGPT ကို ဖြန့်ချိထားတဲ့ OpenAI ဟာ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ပြုလုပ်လိုက်ပါတယ်။ ပူးတွဲ တည်ထောင်သူနဲ့ CEO Sam Altman ကို ဘုတ်အဖွဲ့က ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ သူ့ရဲ့ စွမ်းဆောင်ရည်ဟာ မပြည့်ဝဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ထုတ်ပယ်လိုက်တာပါ။ သူ့ရဲ့ နေရာမှာ Chief Technology Officer ဖြစ်တဲ့ Mira Murati ကို အစားထိုး ခန့်အပ်လိုက်ပါတယ်။
Altman ဟာ ChatGPT ကို တစ်ကမ္ဘာလုံးမှာ နာမည်ကြီးအောင် ပြုလုပ်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ AI လောကမှာ နာမည်ကြီးသူ ၁ ယောက် ဖြစ်ပြီး AI နည်းပညာရဲ့ အလားအလာနဲ့ စိန်ခေါ်မှုတွေအကြောင်း လူတွေ သိအောင် ဗဟုသုတ မျှဝေပေးသူလည်း ဖြစ်ပါတယ်။ သူ OpenAI ကနေ ထွက်ခွာသွားပေမယ့် သူ့ရဲ့ AI လောကကို အကျိုးပြုခဲ့တာနဲ့ OpenAI ကို အောင်မြင်အောင် လုပ်ဆောင်ပေးခဲ့တာတွေက ငြင်းလို့ မရပါဘူး။
OpenAI ဟာ ဥက္ကဌနဲ့ Board Chairman ဖြစ်သူ Greg Brockman ကို Chairman အဖြစ် ရာထူး ချလိုက်တယ်လို့ ကြေညာလိုက်ပါတယ်။ Greg Brockman ဟာ ကုမ္ပဏီမှာ အလုပ်ဆက်လုပ်ရဦးမှာ ဖြစ်ပါတယ်။
OpenAI ဟာ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ပြုလုပ်လိုက်ပေမယ့် အဓိက စီးပွားရေး ပါတနာ ဖြစ်တဲ့ Microsoft ဟာ OpenAI ရဲ့ ရေရှည် ပါတနာ အဖြစ် ဆက်လက်ရှိနေဦးမှာ ဖြစ်ပါတယ်။ Microsoft ရဲ့ ထောက်ပံ့မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဟာ OpenAI ရဲ့ AI စနစ်အတွက် အဓိက ကျနေပါတယ်။
Ref : gizmochina