Crypto Browser Project ရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ Opera က Web3 Services ကို လွယ်ကူစွာ တိုက်ရိုက် အသုံးပြုလို့ရမယ့် Web Browser အသစ်ရဲ့ Beta Version ကို ကြေညာလိုက်ပြီး အဲဒီ Browser ကို Windows , iOS နဲ့ Android ပလက်ဖောင်းတွေမှာ အသုံးပြုလို့ရပါပြီ။

Opera

Opera ဟာ Decentralized Applications (dapps) ၊ ဂိမ်းနဲ့ Metaverse ပလက်ဖောင်းတွေကို ပိုမို လွယ်ကူစွာ အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ Opera က Cryptocurrency Wallet နဲ့ အခြေခံ Web3 Support ပါတဲ့ ပထမဆုံး Web Browser ကို ၂၀၁၈ ခုနှစ်မှာ ဖြန့်ချိခဲ့တာလို့ ပြောပြီး Crypto Browser Project ရဲ့ Beta Version ဟာ ခရီးအသစ်တစ်ခုရဲ့ အစလို့ ပြောပါတယ်။

အဲဒီ Browser ရဲ့ Beta Version မှာ Built-in Crypto Wallet ၁ ခု ပါလာပြီး Ethereum Support ထည့်သွင်းထားပါတယ်။ Opera ဟာ Polygon , Solana, Nervos Network , Celo Project တို့နဲ့ ပူးပေါင်းထားတဲ့အတွက် အနာဂတ်မှာ နာမည်ကြီး Blockchain ပလက်ဖောင်းများစွာနဲ့ Compatible ဖြစ်လာမှာပါ။ Polygon ပလက်ဖောင်းပါတဲ့ Browser Integration ကို ၂၀၂၂ ခုနှစ် ပထမ ၃ လအတွင်း ထည့်သွင်းပေးမယ်လို့ မျှော်လင့်ရပါတယ်။ Browser ကနေ Cryptocurrency ဝယ်ယူတာ ၊ အရောင်းအဝယ် လုပ်တာတွေ ပြုလုပ်နိုင်သလို Built-in NFT Gallery လည်း ပါပါတယ်။ Browser မှာ Tokens တွေကို Ethereum Blockchain မှာ ဖန်တီးနိုင်တဲ့ ERC-20 စံနှုန်း အပြင် NFT အတွက် ERC-721 စံနှုန်း ထည့်သွင်းထားပါတယ်။

Web3 ကို စမ်းသပ် အသုံးပြုဖို့ Opera Crypto Browser ကို Android, Windows နဲ့ Mac မှာ Download ပြုလုပ်ရမှာပါ။ (iOS အတွက် မကြာခင် ဖြန့်ချိပေးမှာပါ။ ) Browser မှာ Opera Wallet ကို ဖန်တီးနိုင်သလို လက်ရှိ Wallet ကိုလည်း အသုံးပြုနိုင်ပါတယ်။

Ref : gizchina