OPPO ၏ ဆန်းသစ်သည့် နည်းပညာများ ပါ၀င်သော Find X2 series ကို ကမ္ဘာ့နိုင်ငံပေါင်း ၃၁ နိုင်ငံတွင် ဝယ်ယူရရှိနိုင်မည်။

အသိဉာဏ်မြင့် ဆက်သွယ်မှု ခေတ်၏ အခြေအနေ အမျိုးမျိုးအတွက် အချက်အချာကျသော ဆက်ဆံရေး နည်းလမ်းဖြစ်လာ‌‌စေရန် 5G CPE Device သစ်က အသင့်ရှိနေသည်။

5G သုံးစွဲမှု အရှိန်အဟုန်ကို တိုးမြှင့်နိုင်ရန် “OPPO 5G Landing Project ” မှ နိုင်ငံတကာက ဆက်သွယ်မှုကွန်ရက် ပါတနာအသစ် ၁၁ ခုကို ကြိုဆိုလိုက်သည်။

ဆန်းသစ်သော နည်းပညာများနှင့် OPPO ၏ ကြိုးပမ်းအားထုတ်မှုတို့ကို ဖော်ပြနေသော 5G Flagship စမတ်ဖုန်းများဖြစ်သည့် Find X2 series အသစ် – Find X2, Find X2 Pro နှင့် Find X2 Pro Automobili Lamborghini Edition တို့ကို OPPO မှ မတ်လ ၆ ရက်နေ့တွင် တရားဝင် မိတ်ဆက်လိုက်သည်။ OPPO အနေနဲ့ ဆက်သွယ်မှုကွန်ရက်တွေနဲ့ သုံးစွဲသူအမျိုးမျိုးအတွက် အရည်အသွေးမြင့် 5G ကို ပို့ဆောင်နိုင်ဖို့ တန်ဖိုးမြင့် 5G CPE စက်ဖြစ်သည့် OPPO 5G CPE Omni ကိုလည်း မိတ်ဆက်လိုက်သည်။

OPPO သည် တစ်ချိန်ထဲတွင် ကမ္ဘာတဝန်း 5G သုံးစွဲမှု အရှိန်အဟုန် မြင့်မားလာစေရန်နှင့် နိုင်ငံတကာ သုံးစွဲသူများအတွက် 5G သုံးစွဲမှု အတွေ့အကြုံများ ပိုမိုအဆင်ပြေစေရန်အတွက် ပူးပေါင်းလုပ်ဆောင်မည့် “OPPO 5G Landing Project” ၏ အဖွဲ့ဝင် အသစ်များဖြစ်သည့် နိုင်ငံတကာမှ ဆက်သွယ်မှုကွန်ရက် ၁၁ ခုကို ကြေညာလိုက်သည်။

OPPO ၏ ဒုဥက္ကဌနှင့် နိုင်ငံတကာ စျေးကွက်မြှင့်တင်ရေးဌာန ဥက္ကဌ ဖြစ်သူ Brian Shen က “OPPO Find X2 series ကို မိတ်ဆက်လိုက်ခြင်းဟာ OPPO ရဲ့ တန်ဖိုးမြင့် စမတ်ဖုန်းတွေ ထုတ်လုပ်နိုင်ဖို့ စွမ်းဆောင်ရည်နဲ့ စိတ်အားထက်သန်မှုတွေကို ပြသလျက်ရှိပါတယ်။ ၂၀၂၀ မှာ 5G နည်းပညာကို ကမ္ဘာတဝန်း ဖြန့်ချိခဲ့ပြီး အခြားနိုင်ငံများမှာလည်း 5G စတင် အသုံးပြုမှု ချောမွေ့နိုင်စေဖို့အတွက် နိုင်ငံတကာက ပါတနာသစ်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ မျှော်လင့်ပါတယ်။ နိုင်ငံတကာသုံးစွဲသူတို့ရဲ့ နေ့စဥ်ဘဝအခြေခံ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ခြင်းကနေ စတင်ပြီး အခြေအနေအမျိုးမျိုးမှာ Smart Devices တွေကို လိုအပ်သလို အသုံးပြုပြီး ပိုမို အဆင့်မြင့် ကောင်းမွန်တဲ့ ဘဝနေထိုင်မှုကို ရရှိနိုင်စေဖို့ ရည်မှန်းထားပါတယ်” ဟု ပြောကြားခဲ့သည်။

Flagship Find X2 series မှ မြင့်မားတဲ့ တောင်းဆိုချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ အကောင်းဆုံး အတွေ့အကြုံများကို ရရှိစေပါမည်

OPPO ၏ ဆန်းသစ်သော ထုတ်လုပ်မှုနှင့် နည်းပညာမူတို့မှ ရရှိသော နောက်ဆုံးပေါ် တီထွင်မှုအဖြစ် သုံးစွဲသူများကို အဆင့်မြှင့်ထားသော ချောမွေ့မှုနှင့် တမူထူးခြားသည့် Display အတွေ့အကြုံကို ခံစားရစေမည့် OPPO ၏ QHD+ resolution, 120Hz ultra high refresh rate နှင့် 240Hz touch sampling rate တို့ ပါဝင်သော ထိပ်တန်း 120Hz Ultra Vision Screen ကို Find X2 series တွင် ထည့်သွင်းထားသည်။ Qualcomm Snapdragon 865 mobile platform မှ အားဖြည့် ကူညီထားသော ပထမဆုံး ဖုန်းများအနက် တစ်ခုဖြစ်သော Find X2 seriesသည် dual-mode 5G အသုံးပြုနိုင်ပြီး OPPO ၏ အဆင့်မြင့် 5G performance optimization solution ပါ၀င်သောကြောင့် 5G စွမ်းဆောင်ရည် တစ်ခုလုံးကို ပိုမို ကောင်းမွန်စေသည်။ ထို့အပြင် ဈေးကွက်ထဲတွင် အားသွင်းမှု အမြန်ဆုံး နည်းပညာဖြစ်သည့် 65W SuperVOOC 2.0 လည်း ပါဝင်သောကြောင့် 5G ခေတ်၏ သာလွန်သော အားသွင်းမှု ပုံစံကို သုံးစွဲသူများ ခံစားရစေမည်ဖြစ်သည်။

ထို့ပြင် Find X2 Pro တွင် 48MP wide-angle lens, 48MP ultra-wide-angle camera, နှင့် 13MP periscope telephoto camera တို့‌ ပေါင်းစပ်ပါဝင်သော OPPO ၏ အစွမ်းထက်ဆုံး ဘက်စုံရ Ultra Vision Camera System ထည့်သွင်းထားသဖြင့် ပိုမိုအဆင့်မြင့်၍ အရည်အသွေး‌ကောင်းမွန်သော ပုံရိပ်များကို ရရှိစေပါသည်။ အထူး ထုတ်လုပ်ထားသော IMX689 Sensor ကို အခြေခံကာ Find X2 Pro တွင် 100% Pixel Focusing ရနိုင်သည့် စျေးကွက်အတွင်း အဆင့်မြင့်ဆုံး All Pixel Omni-Directional PDAF Technology ကိုလည်း ထည့်သွင်းထားသည်။ Find X2 Pro သည် 12bit ဓာတ်ပုံ ရိုက်ကူးခြင်းကို ရရှိနိုင်သည့် ပထမဦးဆုံး ဖုန်းလည်း ဖြစ်သည်။

ယခင် Find X series နှင့် Lamborghini တို့၏ ပူးပေါင်းဆောင်ရွက်မှု၏ နောက်အဆင့်အဖြစ် OPPO မှ စျေးကွက်တွင် ပထမဦးဆုံး Hot Forging Glass Technology (မှန်ကို အပူပေး၍ အရည်ကြိုခြင်း နည်းပညာ) ကို အသုံးပြု ထားသောကြောင့် ကိုင်တွယ်အသုံးပြုရာတွင် ခိုင်ခံ့၍ ချောမွတ်သော ခံစားချက်ကို ပေးသည့် Find X2 Pro Automobili Lamborghini Edition ကို မိတ်ဆက်လိုက်သည်။

OPPO ၏ Global Brand Ambassador အဖြစ် ဗြိတိန်သရုပ်ဆောင်မင်းသား Eddie Redmayne နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း ကြေညာခဲ့သည်။ Mr. Redmayne ၏ အနုပညာအပေါ် စိတ်အားထက်သန်မှု၊ စူးစမ်းလေ့လာမှုနှင့် စွန့်စားတီထွင်မှုတို့သည် OPPO ၏ စိတ်ကျေနပ်ဖွယ် ဒီဇိုင်းနှင့် ဆန်းသစ်သော နည်းပညာတို့ကို အချိုးညီစွာ ပါဝင်ပေါင်းစပ်နိုင်ရန် မဆုတ်မနစ် ကြိုးပမ်းမှုတို့နှင့် ထပ်တူကျနေသည်။

5G CPE ပစ္စည်းအသစ်နှင့် ပထမဆုံး OPPO Watch တို့မှ အသိဉာဏ်မြင့် စက်ပစ္စည်းတို့၏ Multi-portal ‌ဂေဟစနစ် တည်ဆောက်ရန် ကူညီပေး

ယနေ့ခေတ်တွင် တန်ဖိုးမြင့် ကုန်ပစ္စည်း ဝယ်ယူသူများသည် မိမိတို့၏ များပြားလာသော တောင်းဆိုမှုများကို နည်းပညာကုမ္ပဏီများမှ ဘက်စုံရ ထုတ်ကုန်များမှ တဆင့် ဖြည့်ဆည်းပေးနိုင်ရန် မျှော်လင့်ကြသည်။ OPPO သည် မူလအစတည်းမှ ဖုန်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုထက် ပိုခဲ့သည်။ OPPO သည် စမတ်ဖုန်းကို အဓိက မဏ္ဍိုင်အဖြစ်ထားကာ ထုတ်ကုန်အမျိုးမျိုးနှင့် နည်းပညာတို့၏ ဂေဟစနစ်ကို ရှာဖွေတည်ဆောက်လျက်ရှိသည်။

OPPO 5G CPE Omni ကို OPPO မှ ဒီနေ့ ပွဲတွင် စတင်မိတ်ဆက်လိုက်သည်။ Snapdragon X55 Modem ထည့်သွင်းထားကာ OPPO ၏ မူပိုင် O-Reserve 5G Smart Antenna နှင့် O-Motion 360° 5G antenna တို့ ပါဝင်သောကြောင့် 5G networks တွင် 7.5Gbps အထိ ရနိုင်သည်။ Wi-Fi 6 ပါဝင်ကာ BLE 4.1 နှင့် ZigBee 3.0 စသည့် Protocol များ ယှဥ်တွဲအသုံးပြုနိုင်သောကြောင့် သုံးစွဲသူများကို မည်သည့် အခြေအနေတွင်မဆို ပြတ်တောက်မှုမရှိ ကောင်းမွန်ချောမွေ့သော Smart 5G connectivity ကို ရရှိစေမည်ဖြစ်သည်။

ယနေ့ခေတ်တွင် တန်ဖိုးမြင့် ကုန်ပစ္စည်း ဝယ်ယူသူများသည် မိမိတို့၏ များပြားလာသော တောင်းဆိုမှုများကို နည်းပညာကုမ္ပဏီများမှ ဘက်စုံရ ထုတ်ကုန်များမှ တဆင့် ဖြည့်ဆည်းပေးနိုင်ရန် မျှော်လင့်ကြသည်။ OPPO သည် မူလအစတည်းမှ ဖုန်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုထက် ပိုခဲ့သည်။ OPPO သည် စမတ်ဖုန်းကို အဓိက မဏ္ဍိုင်အဖြစ်ထားကာ ထုတ်ကုန်အမျိုးမျိုးနှင့် နည်းပညာတို့၏ ဂေဟစနစ်ကို ရှာဖွေတည်ဆောက်လျက်ရှိသည်။

OPPO 5G CPE Omni ကို OPPO မှ ဒီနေ့ ပွဲတွင် စတင်မိတ်ဆက်လိုက်သည်။ Snapdragon X55 Modem ထည့်သွင်းထားကာ OPPO ၏ မူပိုင် O-Reserve 5G Smart Antenna နှင့် O-Motion 360° 5G antenna တို့ ပါဝင်သောကြောင့် 5G networks တွင် 7.5Gbps အထိ ရနိုင်သည်။ Wi-Fi 6 ပါဝင်ကာ BLE 4.1 နှင့် ZigBee 3.0 စသည့် Protocol များ ယှဥ်တွဲအသုံးပြုနိုင်သောကြောင့် သုံးစွဲသူများကို မည်သည့် အခြေအနေတွင်မဆို ပြတ်တောက်မှုမရှိ ကောင်းမွန်ချောမွေ့သော Smart 5G connectivity ကို ရရှိစေမည်ဖြစ်သည်။

OPPO မှ ပထမဦးဆုံး Smart Watch ကိုလည်း မိတ်ဆက်လိုက်သည်။ Flagship Smartphones များတွင်သာ ထည့်သွင်းလေ့ရှိသော 3D Flexible Hyperboloid Display ကို OPPO Watch တွင် ဆန်းသစ်စွာ ထည့်သွင်းပေးထားသည်။ ထို့အပြင် built-in ဖုန်းခေါ်ဆိုနိုင်မှုနှင့် ပြီးပြည့်စုံသော ကျန်းမာရေး အထောက်အကူပြု Monitoring System တို့လည်း ပါရှိသည်။ ဘက်ထရီပိုင်းတွင်လည်း OPPO ၏ မူပိုင် Dual-Chip Endurance System နှင့် Watch VOOC Flash Charging Technology တို့ ပါ၀င်သဖြင့် OPPO Watch ကို အားအပြည့်သွင်းရန် ၇၅ မိနစ်သာ ကြာပြီး ၁၅ မိနစ် အားသွင်းရုံနှင့် ၄၆ ရာခိုင်နှုန်းအထိ ပြည့်စေမည်ဖြစ်ပြီး ၁၈ နာရီကြာ အသုံးပြုနိုင်သည်။

IoT Product များနှင့် Flagship Smartphone Series များ မိတ်ဆက်ခြင်းနှင့်အတူ OPPO မှ ဘောစတွန် မာရသွန်၏ Official Partner ဖြစ်ကြောင်းကိုလည်း ကြေညာခဲ့သည်။ နောင် ၄ နှစ်တွင် OPPO သည် ဘောစတွန် မာရသွန်နှင့် အတူ Smartphones, Smart Watches နှင့် IoT Products များ စသည့် Brand နှင့် Product collaborationsများ ပြုလုပ်သွားမည် ဖြစ်သည်။ အနာဂတ်တွင် ဘောစတွန် မာရသွန်ပြေးသူများသည် မာရသွန်ပြိုင်ပွဲ ပြိုင်နေစဥ် OPPO Watch များကို အသုံးပြုပြီး မိမိတို့၏ ကျန်းမာရေး အချက်အလက်များကို စစ်ဆေးကြည့်ရှုနိုင်မည် ဖြစ်သည်။

5G CPE နှင့် Smart Watch ကို ထုတ်လုပ်ခြင်းနှင့်အတူ OPPO သည် ကိုယ်ရေးကိုယ်တာ၊ အိမ်၊ ခရီးသွားလာခြင်းနှင့် အလုပ် စသည့် (၄) ချက်ကို အဓိကထား၍ သုံးစွဲသူတို့ကို ပိုမို ခေတ်မီလွယ်ကူသော နည်းပညာတို့ အတွေ့အကြုံတို့ကို ပေးစွမ်းနိုင်မည့် ထုတ်ကုန်ပစ္စည်းများကို ဆက်လက် ထုတ်လုပ်သွားမည်ဖြစ်သည်။

OPPO မှ ကမ္ဘာတဝန်း 5G အသုံးပြုမှု အဆင့်မြှင့်တင်နိုင်ရန် “5G Landing Project”ကို တိုးချဲ့

5G ၏ စွန့်ဦးတီထွင်သူနှင့် စတင်အကောင်အထည်ဖော် အသုံးပြုခဲ့သူဖြစ်သည့် OPPO သည် 5G စံမူပိုင်ခွင့်ချမှတ်‌မှု ၊ နည်းပညာပိုင်းဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ အသုံးပြုမှုပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ထုတ်လုပ်မှုပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စသည်တို့ကို လုပ်ဆောင်ကာ 5G ကွန်ရက်ကို စီးပွားဖြစ် သွယ်ဆက် အသုံးပြုခြင်းကို တက်ကြွစွာ အားပေးခဲ့သည်။ ၂၀၁၉ ဖေဖော်ဝါရီ တွင် “OPPO 5G Landing Project” ကို စတင်တင်ထောင်ကာ ဆက်သွယ်မှုကွန်ရက်များနှင့်အတူ 5G ကို စီးပွားဖြစ် သွယ်ဆက်အသုံးပြုမှုကို အဆင့်မြှင့်တင်နိုင်ရန် လုပ်ဆောင်ခဲ့သည်။

မိတ်ဆက်ပွဲတွင် “OPPO 5G Landing Project” တွင် ထပ်မံ ပါ၀င်လာမည့် China Mobile, China Telecom, China Unicom, Orange, Vodafone, Deutsche Telekom,Telefonica,Telcel,Bouygues,SFR နှင့် Salt စသည့် နိုင်ငံတကာ ဆက်သွယ်မှုကွန်ရက် ပါတနာသစ်များ ကိုလည်း ကြေညာခဲ့သည်။ ဤပါတနာသစ်များနှင့် ပူးပေါင်းမှုတွင် 5G နည်းပညာပိုင်း၊ ကုန်ပစ္စည်းပိုင်းနှင့် စျေးကွက်ပိုင်း ပူးပေါင်းဆောင်ရွက်မှုများ ပါဝင်ကာ ခေတ်ရှေ့ပြေးသော 5G အသုံးပြုမှု အတွေ့အကြုံများကို နိုင်ငံတကာမှ သုံးစွဲသူတို့ ရရှိနိုင်စေရန် ရည်ရွယ်ထားသည်။

OPPO သည် ယခုလက်ရှိတွင် ဆက်သွယ်မှုကွန်ရက် ၃၀ နှင့် အတူ 5G ရရှိရန် လုပ်ဆောင်လျက်ရှိပြီး 5G သုံးစွဲနိုင်သည့် ထုတ်ကုန်များကို ကမ္ဘာ့ နိုင်ငံ ၁၀ နိုင်ငံနှင့် အထက် ‌ဒေသများတွင် ဖြန့်ချိပေးလျက်ရှိသည်။

အသိဉာဏ်မြင့် ဆက်သွယ်ရေးခေတ်တွင် OPPO မှ ခေတ်ရှေ့ပြေးသော နည်းပညာများနှင့် ပိုမိုကောင်းမွန်သော ကုန်ပစ္စည်း အသစ်များ တီထွင်ထုတ်လုပ်နိုင်ရန် ၃ နှစ်အတွင်း RMB 50 billion (USD $7 billion) အသုံးပြုရန် စီစဥ်ထားသည်။ OPPO သည် ထုတ်လုပ်သော ပစ္စည်းအမျိုးအစားများကို တိုးချဲ့ပြီး၊ Brand ပိုမိုခိုင်မာလာစေရန် အဆက်မပြတ် ကြိုးပမ်းမှုများနှင့်အတူ စျေးကွက်တွင်း ထိပ်တန်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် သုံးစွဲသူများအတွက် အကောင်းဆုံး ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့်အတူ ကမ္ဘာ့တန်ဖိုးမြင့် စျေးကွက်ကို ထိုးဖောက်၀င်ရောက်လျက် ရှိသည်။

Source – OPPO