အခုအချိန်ဟာ ယခင်တုန်းကလိုမျိုး ရုံးနေ့တိုင်းသွားပြီး လုပ်ဖော်ကိုင်ဘက်တွေနဲ့ ပျော်ပျော်ပါးပါးအလုပ်လုပ်ကိုင်နေရတဲ့အစား တတ်နိုင်သလောက် အိမ်မှာပဲနေပြီး Work From Home ပြုလုပ်နေကြရပြီဖြစ်ပါတယ်။ ဒီလိုမျိုးအချိန်တွေဟာ အရင်ကလောက်ပျော်ရွှင်စရာမကောင်းတော့ဘဲ တစ်ယောက်ထဲပျင်းနေတတ်ကြပါတယ်။

အဲ့ဒီအတွက် OPPO ကနေ နာမည်ကြီးဓါတ်ပုံဆရာ Mr. Haw နဲ့ ပူးပေါင်းပြီးတော့ မေလ ၂၁ ရက်နေ့ကနေ ၂၄ ရက်နေ့အတွင်းမှာ “My Perfect Shot At Home” ဆိုတဲ့ Challenge ကို ကျင်းပသွားမှာဖြစ်ပါတယ်။ အဆိုပါ Challenge ဟာ လက်ရှိ OPPO ကနေ Morning ၊ Afternoon ၊ Night Session ဆိုပြီး ၃ မျိုးခွဲပြီး ကျင်းပနေတဲ့ 24 Hours City Challenge ထဲကတစ်ခုလည်းဖြစ်ပါတယ်။

ဒီ “My Perfect Shot At Home” Afternoon Session Challenge မှာပါဝင်ဖို့ စိတ်ဝင်စားတယ်ဆိုရင် မိမိနှစ်သက်ရာဖုန်းနဲ့ အိမ်တွင်းမှာ စိတ်ကြိုက်ဖန်တီးရိုက်ကူးထားတဲ့ Challenge ဓါတ်ပုံတွေကို #24HoursCity_AfternoonSession #Reno3ProChallenge #ShotAtHome ဆိုတဲ့ Hashtag တွေနဲ့အတူ Facebook ပေါ်မှာ Public တင်ပေးရုံပါပဲ။ အခုလိုမျိုးတင်ထားတဲ့ဓါတ်ပုံတွေထဲကမှာ Mr. Haw ကနေ (၅) ဦးကို မေလ ၂၆ ရက်နေ့မှာ ရွေးချယ်ပေးသွားမှာဖြစ်ပြီး Mr. Haw ရဲ့ တစ်ရက်တာ Private Online Workshop ကို တက်ရောက်နိုင်ဦးမှာပါ။ ဒါတင်မဟုတ်သေးဘဲ OPPO ကနေလည်း ၂၀,၀၀၀ ကျပ်တန်ဖိုးရှိတဲ့ ဖုန်းဘေလ်တွေကိုလက်ဆောင်ပေးသွားဦးမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ကိုယ့်အိမ်တွင်းမှာပဲ ဓါတ်ပုံတွေဖန်တီးရိုက်ကူးရင်း ဖုန်းဘေလ်လည်းရ၊ Mr. Haw ရဲ့ Private Online Workshop ကိုလည်း တက်ရောက်နိုင်မှာဆိုတော့ ဓါတ်ပုံပညာရှင်တွေအတွက် လုံးဝကို လက်မလွှတ်သင့်ဘူးနော်။

တကယ်လို့ ဒီ Afternoon Session Challenge မှာဝင်ရောက်ယှဥ်ပြိုင်ဖို့ Camera ကောင်းကောင်းစမတ်ဖုန်းတစ်လုံးရှာနေတယ်ဆိုရင်လည်း “Clear in Everyshot” ဆိုပြီးပြောနိုင်တဲ့ မတ်လက အသစ်ထွက်ရှိထားတဲ့ မြန်မာကျပ်ငွေ ၆၂၉,၉၀၀ တန်ဖိုးရှိ OPPO Reno3 Pro ဖုန်းလေး ရှိနေပါတယ်လို့ မိတ်ဆက်ပေးချင်ပါတယ်။

OPPO Reno3 Pro မှာ တပ်ဆင်ထားတဲ့ 64MP Main Camera ဆိုရင် Ultra-resolution Algorithm ကို အသုံးပြုထားတာကြောင့် ရုပ်ပုံတွေရဲ့ Resolution ကို 108MP အထိ ရရှိအောင်လည်း ပြုလုပ်ပေးနိုင်တယ်လို့ သိရပါတယ်။ ဒါဟာ စျေးနှုန်းတူဖုန်းတွေထဲ Reno3 Pro မှာသာ ဒီလိုမျိူးနည်းပညာကို တွေ့ရှိရတာ ဖြစ်ပါတယ်။ 8MP Ultra Wide-angle Lens ပါဝင်တဲ့အပြင် OPPO Reno3 Pro နဲ့ Reno3 တို့မှာ ပါဝင်တဲ့ 13MP Telephoto Camera ဟာ 5x Hybrid Zoom နဲ့ 20x Digital Zoom တွေကိုလည်း ထောက်ပံ့ပေးထားပါသေးတယ်။ ဒါ့ကြောင့် အဝေးက အရာဝတ္ထုတွေကို Zoom ဆွဲပြီး ရိုက်ကူးတဲ့အခါမှာ လူရဲ့ ရုပ်ပုံကိုဖြစ်စေ၊ စာလုံးတွေကိုဖြစ်စေ ပိုမိုထင်ရှားပြီး ကြည်လင်ပြတ်သားစွာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

OPPO ဟာ Reno3 Pro ရဲ့ Selfie ပိုင်းအတွက် Camera Sensor ၂လုံးကို အသုံးပြုပေးထားတာဖြစ်ပြီး 44MP နဲ့ 2MP Depth Sensor တွေကို ပေါင်းစပ်တပ်ဆင်ပေးထားပါတယ်။ အဆိုပါ Sensor ၂ခုလုံးက Bokeh Effect ထောက်ပံ့ပေးထားပြီး OPPO ကတော့ Dual Lens Bokeh ဆိုပြီး နာမည်ပေးထားပါတယ်။ ဒီ Feature ဟာ Portrait ဓာတ်ပုံတွေ ရိုက်ကူးတဲ့အခါမှာ ရိုက်ယူတဲ့အရာဝတ္ထုတွေကို ပိုမိုထင်ရှားအောင် စွမ်းဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။ တနည်းအားဖြင့် Edge Detection တွေ ပိုကောင်းလာစေတယ်လို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် နောက်ခံပုံရိပ်တွေကို ရောင်ပြေးဖြစ်အောင် ရိုက်ယူတဲ့ Binocular Bokeh Effect ကို ရရှိစေအောင်လည်း Reno3 Pro မှာ ပါတဲ့ Selfie Camera တွေက အကောင်းဆုံး ဆောင်ရွက်ပေးနိုင်တယ်လို့ ဆိုပါတယ်။

Reno3 Pro ဟာ နောက်ကျောဘက် Camera တွေနဲ့သာမက ရှေ့ဘက် Selfie Camera နဲ့ပါ Night Mode ဓာတ်ပုံတွေ ရိုက်ကူးနိုင်ပါတယ်။ Helio P95 မှာပါတဲ့ NPU အစွမ်းတွေနဲ့အတူ ကမ္ဘာ့ ပထမဦးဆုံး 44MP+2MP Dual Punch-hole Cameraရဲ့ ပေါင်းစပ်မှုကြောင့် ပိုမိုကြည်လင်ပြတ်သားတဲ့ Night Mode ဓာတ်ပုံတွေကို ရရှိစေမှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Portrait Night Selfie အတွက် Face Protection Algorithm ကို အသုံးပြုထားတာကြောင့် ညဘက်ရိုက်တဲ့ Selfie ဓာတ်ပုံတွေကို ပိုမိုသဘာဝဆန်ပြီး လှပအောင် ပြုလုပ်ပေးနိုင်တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် အထက်မှာတုန်းက ပြောခဲ့တဲ့ Challenge နဲ့ ပတ်သက်ပြီးတော့ အသေးစိတ်သိချင်တယ် ဒါမှမဟုတ် ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်နိုင်တဲ့ဓါတ်ပုံတွေနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို သိချင်တယ်ဆိုရင်တော့ 24 Hours City Challenge : Afternoon Session Campaign (https://business.facebook.com/287391841418711/posts/1620210594803489/) နဲ့ OPPO ၏ Official Facebook Page (https://www.facebook.com/oppomyanmar/)တို့တွင် ဝင်ရောက် လေ့လာနိုင်မှာဖြစ်ပါတယ်။