OPPO ကနေ ပြီးခဲ့တဲ့လတုန်းက Flagship စမတ်ဖုန်းတွေဖြစ်တဲ့ Find X2 Series ဖုန်းတွေကို မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမယ့် ကြည့်ရတာ OPPO ကနေ မကြာခင်မှာ Entry ဖုန်းသစ်တစ်လုံးကို အသစ်မိတ်ဆက်သွားဦးမယ့်ပုံစံပါပဲ။

OPPO ရဲ့ အသစ်ထွက်ရှိလာမယ့် Entry စမတ်ဖုန်းကိုတော့ OPPO A12 လို့ နာမည်ပေးထားတယ်လို့ ယူဆရပြီး တရားဝင်ဓါတ်ပုံအပြင် Specification တွေပါ ပေါက်ကြားလာခဲ့တာဖြစ်ပါတယ်။

OPPO A12 စမတ်ဖုန်းဟာဆိုရင် 6.22″ HD+ LCD Display ကို အသုံးပြုထားမှာဖြစ်ပြီး 5MP Selfie Camera အတွက် Waterdrop Notch လည်းပါဝင်လာမှာဖြစ်ပါတယ်။ Back Camera အနေနဲ့တော့ Dual Camera Setup ကိုပဲ အသုံးပြုထားပြီး 13MP Primary Sensor နဲ့ 2MP Depth Sensor တွေပါဝင်မှာပါ။

Performance ပိုင်းအနေနဲ့ကတော့ Entry ဖုန်းတစ်လုံးဖြစ်တဲ့အတွက် MediaTek Helio P35 Processor ကို အသုံးပြုလာမှာဖြစ်ပြီး RAM 3GB ၊ 32GB Storage Version သို့မဟုတ် RAM 4GB ၊ 64GB Version ကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Battery အနေနဲ့တော့ 4230mAh Battery ပါဝင်မယ်လို့ သိရပါတယ်။ Fingerprint Sensor ကိုလည်း ဖုန်းရဲ့ နောက်ကျောဘက်မှာ တပ်ဆင်ထားသလို Diamond Pattern Design ကိုပါ အသုံးပြုထားတာဖြစ်ပါတယ်။

Software ပိုင်းအနေနဲ့တော့ ColorOS 6.1.2 ကိုပဲ အသုံးပြုလာမှာဖြစ်တဲ့အတွက် Android 10 အစား Android 9 Pie ပဲဖြစ်နေဦးမှာပါ။ စျေးနှုန်းကိုတော့ အတိအကျမသိရှိရသေးပေမယ့် Entry ဖုန်းတစ်လုံးဖြစ်တဲ့အတွက် စျေးအရတော့ အတော်လေးကို သက်သာနိုင်ပါတယ်။

Ref – GSM Arena