OPPO ကနေ Budget A Series စမတ်ဖုန်းအသစ်ဖြစ်တဲ့ OPPO A12s ကို Cambodia မှာ တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ OPPO A12s ဟာပြီးခဲ့တဲ့ ၂ လဝန်းကျင်ကမှ India စျေးကွက်မှာ A12 စမတ်ဖုန်းကို မိတ်ဆက်ပြီး ထပ်မံမိတ်ဆက်လာတဲ့ဖုန်းတစ်လုံးလို့ပြောရမှာပါ။

ယခုထွက်ရှိလာတဲ့ OPPO A12s စမတ်ဖုန်းဟာ Design ပိုင်းအရတော့ OPPO A12 နဲ့ဆင်တူမှာဖြစ်ပေမယ့် Blue နဲ့ Grey ဆိုပြီး ကွဲပြားတဲ့အရောင်တွေနဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။ ကျန်တဲ့ Display ပိုင်းမှာလည်း OPPO A12 အတိုင်းပဲ 6.2″ HD+ Display ကို အသုံးပြုထားမယ်လို့ သိရပါတယ်။

Camera ပိုင်းအနေနဲ့ကတော့ OPPO A12s ဖုန်းမှာ 13MP Primary Sensor နဲ့ 2MP Depth Sensor တွေပါဝင်တဲ့ Dual Camera Setup ပါဝင်မှာဖြစ်ပါတယ်။ Selfie Camera အနေနဲ့ကတော့ 5MP Sensor ကို Waterdrop Notch Design နဲ့ပြုလုပ်ထားတာကိုတွေ့ရပါတယ်။ Fingerprint Sensor အနေနဲ့ကတော့ အနောက်ဖက်မှာပဲထည့်သွင်းထားမှာဖြစ်ပါတယ်။

Performance ပိုင်းမှာတော့ MediaTek Helio P35 Chipset ကို အသုံးပြုထားမှာဖြစ်ပြီး RAM 3GB နဲ့ 32GB Storage ပါဝင်မှာဖြစ်ပါတယ်။ Dual SIM Setup အပြင် MicroSD Card Slot ကနေလည်း 256GB အထိတိုးချဲ့နိုင်မှာပါ။ Battery အနေနဲ့ကတော့ 4230mAh Battery ကိုထည့်သွင်းထားပြီးတော့ Software ပိုင်းကတော့ Android 10 ကို အခြေခံထားတဲ့ ColorOS 6.1 ကို အသုံးပြုထားမယ်လို့ သိရပါတယ်။

စျေးနှုန်းအနေနဲ့ကတော့ $129 (မြန်မာငွေ ၁ သိန်း ၇ သောင်းကျော်) ကျသင့်မှာဖြစ်ပြီး မကြာခင်မှာ Cambodia အပြင်တခြားသောနိုင်ငံတွေမှာပါ ရောင်းချသွားမယ်လို့ ယူဆရပါတယ်။

Ref – Gizmo China