OPPO ဟာ လွန်ခဲ့တဲ့လအနည်းငယ်ကတည်းက သူတို့ရဲ့ ဘတ်ဂျက်ဟန်းဆက်ဖြစ်တဲ့ A15 ကို ပွဲထုတ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီနောက်မှာတော့ တရုတ်နည်းပညာကုမ္ပဏီဟာ OPPO A15s ကိုလည်း ဆက်ပြီး မိတ်ဆက်ဖို့ပြင်ဆင်နေပါတယ်။

OPPO A15s ကို  ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းတုန်းက မလေးရှား SIRIM ဝက်ဘ်ဆိုက်မှာ တွေ့မြင်ခဲ့ရပြီး ဖြစ်ပါတယ်။ ဒီနောက်မှာတော့ စင်္ကာပူရဲ့ IMDA နဲ့ ဥရောပရဲ့ EEC ဝက်ဘ်ဆိုက်တွေပေါ်မှာလည်း တွေ့မြင်ခဲ့ရပြန်ပါတယ်။ အခုနောက်ဆုံး ပေါက်ကြားထွက်ပေါ်လာတာကတော့ Banner ကတစ်ဆင့် ဒီဇိုင်းပိုင်းနဲ့ အဓိကအစိတ်အပိုင်းအကြောင်းပဲဖြစ်ပါတယ်။

Banner အရ A15s ဟာ အပြင်ပန်းအားဖြင့်တော့ သူ့ရဲ့ညီနောင် Vanilla A15 နဲ့ ဆင်တူတယ်လို့ ဆိုနိုင်ပါတယ်။ ကြော်ငြာပိုစတာမှာဖော်ပြထားတာက ဒီဟန်းဆက်ဟာ 6.52-inch HD+ display ကိုရည်ညွှန်းထားတာကိုတွေ့ရတာကြောင့် A15 လိုပဲ IPS LCD, 720 x 1600 pixel ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။ ကွာခြားချက်ကတော့ RAM နဲ့ ROM တွေပဲ ဖြစ်ပါတယ်။

OPPO A15s ဟာ 4GB of RAM နဲ့ 64GB storage တို့ဖြစ်ပြီး Vanilla A15 ကတော့ 2/3GB of RAM နဲ့ 32GB storage တွေ ဖြစ်ကြတာပါ။ A15s မှာတော့ ပိုပြီးစွမ်းအားရှိတဲ့ Chipset ကို သုံးလာမယ်လို့ မျှော်လင့်ရပါတယ်။ ပိုစတာမှာ ဖော်ပြမထားပေမယ့် Helio P35 ထက် ပိုကောင်းတဲ့ အခြား MediaTek Helio unit တစ်ခု ဖြစ်လာနိုင်ပါတယ်။

A15s အနေနဲ့ ကင်မရာပိုင်းမှာလည်း Vanilla မော်ဒယ်နည်းတူ ထွက်လာမယ်လို့ မျှော်လင့်ရပါတယ်။ ဒါကြောင့် အနည်းဆုံးတော့ 13MP အဓိကကင်မရာနဲ့ 2MP macro, 2MP depth sensor တို့ ပါဝင်လာနိုင်ပါတယ်။ Selfie ကတော့ 5MP ဖြစ်ဖွယ်ရှိပါတယ်။ ဘက်ထရီပမာဏကိုလည်း အနည်းဆုံးတော့ 4,230mAh ပမာဏလို့ မျှော်လင့်ရပါတယ်။ ဈေးနှုန်းကတော့ $150 (၂ သိန်းစွန်းစွန်း) ဝန်းကျင်လောက် ဖြစ်လာနိုင်ပါတယ်။

Ref: GSM Arena

https://www.youtube.com/watch?v=9U8g3K4k4g4