OPPO က United Arab Emirates မှာ စွမ်းဆောင်ရည်နိမ့် တန်ဖိုးနည်း A Series ဖုန်း အသစ်ကို ကြေညာလိုက်ပါတယ်။ OPPO A18 လို့ အမည်ပေးထားပြီး ဒီလ အစောပိုင်းက ကြေညာခဲ့တဲ့ OPPO A38 နဲ့ Specs တွေ အများစု တူညီကြပါတယ်။

Oppo A18 features an 8MP main cam and a 2MP detph helperOppo A18 features an 8MP main cam and a 2MP detph helper

OPPO A18 မှာ 6.56” IPS LCD HD+ မျက်နှာပြင် တပ်ဆင်ထားပြီး 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ အရွယ်သေး Notch မှာ 5MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပြီး အနောက်ဘက်မှာ 8MP Main နဲ့ 2MP Depth ကင်မရာ ၂ လုံး ပါလာပါတယ်။

OPPO A18 မှာ Helio G85 Chipset မောင်းနှင်ထားပြီး OPPO A38 နဲ့ တူညီပါတယ်။ OPPO A18 မှာ 4GB RAM နဲ့ 128GB Storage ထည့်သွင်းထားပြီး microSD Card စိုက်နိုင်ပါတယ်။

Oppo A18 in Glowing Black and Glowing Blue

Android 13 အခြေပြု ColorOS 13.1 မောင်းနှင်ထားပြီး 5000mAh Battery ပါလာပါတယ်။ Glowing Black နဲ့ Glowing Blue အရောင်တွေ ထုတ်လုပ်ထားပြီး ဈေးနှုန်းကို OPPO က မပြောသေးပါဘူး။ မကြာခင်မှာ OPPO က ဈေးနှုန်းနဲ့ တခြား သတင်းအချက်အလက်တွေကို ပြောကြားနိုင်ပါတယ်။

Ref: gsmarena