OPPO A3 ကို တရုတ်မှာ ဇူလိုင်လ အစောပိုင်းက ကြေညာခဲ့ပြီး အခုတော့ အိန္ဒိယကို ရောက်လာပါပြီ။ ဒါပေမယ့် အိန္ဒိယ မော်ဒယ်ဟာ တရုတ် မော်ဒယ်နဲ့ လုံးဝ မတူညီပါဘူး။

Oppo A3 debuts in India with entirely new specs - GSMArena.com news

အိန္ဒိယ OPPO A3 မှာ 6.67” 720x1604p LCD Display တပ်ဆင်ထားပြီး 120Hz Refresh Rate နဲ့ 240Hz Touch Sampling Rate ထောက်ပံ့ထားပါတယ်။ Peak Brightness က 1,000 Nits ဖြစ်ပါတယ်။ MediaTek Dimensity 6300 SoC မောင်းနှင်ထားပြီး 6GB RAM နဲ့ 128GB Storage ထည့်သွင်းထားပါတယ်။

Oppo A3 lands in India with entirely new specs

အနောက်ဘက်မှာ 50MP Main နဲ့ အရှေ့ဘက်မှာ 5MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပြီး 45W SuperVOOC Fast Charging ထောက်ပံ့တဲ့ 5,100mAh Battery ပါပါတယ်။ ဘူးထဲမှာ Charger ထည့်သွင်းထားပါတယ်။ အရွယ်အစား အပြည့်အစုံက 165.7 x 76 x 7.7 mm ဖြစ်ပြီး အလေးချိန်က ၁၈၇ ဂရမ် ဖြစ်ပါတယ်။ တုန်ခါမှုကို ခံနိုင်တဲ့ MIL-STD-810H စံနှုန်း ရထားပါတယ်။

Ocean Blue နဲ့ Nebula Red အရောင်တွေ ထုတ်လုပ်ထားပြီး OPPO ရဲ့ အွန်လိုင်း စတိုးမှာ ၁၅,၉၉၉ ရူပီးနဲ့ ရောင်းချပေးထားပါတယ်။

Ref : gsmarena