ချစ်သူများနေ့က အင်ဒိုနီးရှားမှာ ကြေညာခဲ့တဲ့ OPPO A31 ကို အိန္ဒိယမှာ မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ နောက် ၁ ပတ်လောက်မှာ ကြေညာနိုင်ပြီး Fantasy White နဲ့ Mystery Black အရောင်တွေ ထုတ်လုပ်ထားမှာပါ။ ပေါက်ကြားထွက်ပေါ်လာတဲ့ ပိုစတာ ၁ ခုအရ အိန္ဒိယမှာ 4/64GB နဲ့ 6/128GB မော်ဒယ် ၂ ခုထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။

အိန္ဒိယမှာ ICICI Bank, HDFC Bank, IDFC First Bank နဲ့  Yes Bank တွေက Credit/debit Cards တွေ သုံးပြီး ဝယ်ယူရင် ၅ ရာခိုင်နှုန်း ငွေ ပြန်အမ်းပေးမှာ ဖြစ်ပါတယ်။ Bajaj Finserv Cards နဲ့ Home Credit တွေကို သုံးပြီး EMIs ကနေလည်း ဝယ်ယူနိုင်ပါတယ်။ Jio ကနေ ရူပီး ၇,၀၅၀ (3.1TB အထိ) တန်ကြေးရှိတဲ့ ဒေတာတွေကိုလည်း လက်ဆောင်ရမှာ ဖြစ်ပါတယ်။

OPPO A31 မှာ ၆.၅  လက်မ 720×1600 20:9 IPS ထိတွေ့မျက်နှာပြင် တပ်ဆင်ထားပြီး MediaTek Helio P35 SoC မောင်းနှင်ထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံး ထည့်သွင်းထားပြီး 12MP Main , 2MP Macro နဲ့ 2MP Depth တွေ ဖြစ်ပါတယ်။ 8MP ဆဲလ်ဖီး ကင်မရာ ၁ လုံး ပါလာပြီး 4,230mAh ဘက်ထရီ ထည့်ထားပါတယ်။ Android 9 Pie အခြေပြု ColorOS 6.1 မောင်းနှင်ထားပါတယ်။

Ref : gsmarena