OPPO A53 ကို အင်ဒိုနီးရှားမှာ မနေ့ကပဲ ကြိုတင်မှာယူခွင့်ပေးလိုက်ပြီး အခုတော့ OPPO India က ဒီလ ၂၅ ရက်နေ့ ရောင်းမယ်လို့ ကြေညာလိုက်ပါတယ်။ Flipkart မှာ စာရင်းတင်ထားပြီးပြီဖြစ်ပေမယ့် ရောင်းဈေးကို မဖော်ပြထားသေးပါဘူး။

OPPO A53 မှာ 18W Fast Charging ပါလာမှာ ဖြစ်ပြီး ဘက်ထရီက 5000mAh ဖြစ်တဲ့အတွက် ဘက်ထရီ သက်တမ်း ကောင်းမွန်မှာပါ။ 90Hz Refresh Rate ပါတဲ့အတွက် မျက်နှာပြင် တုန့်ပြန်မှု မြန်ဆန်မှာဖြစ်ပြီး Lazada Indonesia မှာ ၆.၅ လက်မ HD+ မျက်နှာပြင်ပါမယ်လို့ ဖော်ပြထားပါတယ်။

OPPO A53 ရဲ့ ဈေးနှုန်းကို မသိရသေးပေမယ့် အင်ဒိုနီးရှားမှာ ရူပီး ၂.၄၉ သန်းလောက်နဲ့ ရောင်းချနိုင်ပါတယ်။ ဒေါ်လာ အားဖြင့် ၁၇၀ လောက်ရှိနိုင်ပြီး မြန်မာငွေ ၂ သိန်း ၃ သောင်းလောက် ရှိနိုင်ပါတယ်။ အိန္ဒိယမှာ 4/64GB Version ကို ရူပီး ၁၂,၉၉၉ နဲ့ ရောင်းနိုင်ပါတယ်။

Ref : gsmarena