OPPO ကနေ အခုအချိန်မှာ Mid Range ဖုန်းသစ်တစ်လုံးဖြစ်တဲ့ OPPO A53 ကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ OPPO A53 ဖုန်းဟာ ထူးခြားချက်အနေနဲ့ကတော့ Qualcomm ရဲ့ Mid Range Chipset အသစ်ဖြစ်တဲ့ Snapdragon 460 Chipset ကို အသုံးပြုထားတာပဲဖြစ်ပါတယ်။

OPPO A53 ဖုန်းဟာ 6.5″ HD+ LCD Display ကို အသုံးပြုထားပြီးတော့ 20:9 Aspect Ratio အပြင် Selfie Camera အတွက် Punch-hole Design ပြုလုပ်ထားမှာဖြစ်ပါတယ်။ ဒါက ပုံမှန် Mid Range ဖုန်းတွေနဲ့ယှဥ်မယ်ဆိုရင် တူညီပေမယ့်လည်း Refresh Rate ကို 90Hz အထိ Support ပေးနိုင်မှာပါ။

Camera ပိုင်းအနေနဲ့ကတော့ 16MP Primary Sensor အပြင် 2MP Sensor ၂ ခုပါဝင်တဲ့ Triple Camera Setup ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ Selfie Camera အနေနဲ့ကတော့ Single 16MP Sensor ကိုပဲ အသုံးပြုထားမှာပါ။ ဖုန်းရဲ့ နောက်ဖက်မှာလည်း Fingerprint Sensor ကို တပ်ဆင်ပေးထားတာဖြစ်ပါတယ်။

Performance ပိုင်းမှာတော့ Qualcomm Snapdragon 460 Chipset ၊ RAM 4GB နဲ့ 64GB Storage တွေပါဝင်မှာဖြစ်ပါတယ်။ Storage ကို ထပ်တိုးချဲ့ချင်တယ်ဆိုရင်လည်း MicroSD Card ကနေတစ်ဆင့် 256GB အထိ တိုးချဲ့နိုင်မှာပါ။ Battery ပိုင်းမှာတော့ 5000mAh Battery ကိုမှ 18W USB-C Fast Charging ကို ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

စျေးနှုန်းအနေနဲ့ကတော့ လောလောဆယ် Indonesia နိုင်ငံမှာ RAM 4GB + 64GB Version ကို Rp 2,499,000 (မြန်မာငွေ ၂ သိန်း ၃ သောင်းဝန်းကျင်) နဲ့ရောင်းချနေတာဖြစ်ပါတယ်။ အရောင်အနေနဲ့ကတော့ Electric Black နဲ့ Fancy Blue ဆိုပြီး ရွေးချယ်နိုင်မှာပါ။

Ref – Giz China