OPPO ဟာ နှစ်သစ်ရဲ့ ပထမဆုံးလမကုန်ဆုံးခင်မှာ ဈေးနှုန်းချိုသာတဲ့ 5G စမတ်ဖုန်းသစ်ကို မိတ်ဆက်လိုက်ပြန်ပြီ ဖြစ်ပါတယ်။ OPPO A55 5G ဟာ MediaTek Dimensity 700 နဲ့ဖြစ်ပြီး 5,000mAh ပမာဏ ဘက်ထရီကို တပ်ဆင်ပေးထားတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဟန်းဆက်ကို တရုတ်ပြည်တွင်းဈေးကွက်မှာပဲ ဝယ်ယူလို့ရဦးမှာပါ။

MediaTek Dimensigy 700 ဟာ 2.2GHz Cortex-A76 Cores နဲ့ 2GHz Cortex-A55 ယူနစ်၆ခုနဲ့အတူ အလုပ်လုပ်တာ ဖြစ်ပါတယ်။ ဒီ Chip နဲ့အတူတွဲပေးထားတာကတော့ 6GB of RAM နဲ့ 128GB of storage ပဲ ဖြစ်ပါတယ်။ သိုလှောင်မှုပမာဏကို MicroSD နဲ့လည်း ထပ်ပြီးချဲ့ထွင်နိုင်မယ်လို့ သိရပါတယ်။

OPPO A55 5G ဟာ 6.5-inch LCD မျက်နှာပြင်နဲ့ဖြစ်ပြီး HD+ resolution နဲ့ ပုံမှန်ဖြစ်တဲ့ 60Hz Refresh Rate ကို ထောက်ပံ့ပေးထားပါတယ်။ အရှေ့ဘက် Selfie ကင်မရာကတော့ 8MP, f/2.0 ဖြစ်ပြီး Waterdrop notch ထဲမှာ ရှိနောဖြစ်ပါတယ်။ ကျောဘက်မှာတော့ ထောင့်မှန်စတုဂံ ကင်မရာအိမ်နဲ့အတူ ကင်မရာသုံးလုံးကို တပ်ဆင်ပေးထားတာကို တွေ့ရပါတယ်။

အဓိကကင်မရာဟာ 13MP, f/2.2 ဖြစ်ပြီး 2MP, f/2.4 auxiliary နဲ့ 2MP, f/2.4 extra depth တို့ကို တွဲဖက်ပေးထားတာပါ။ Chipset ရဲ့ အကန့်အသတ်ကြောင့် ဗီဒီယိုပိုင်းမှာတော့ 30fps/1080p အထိပဲ အထိပဲ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Slow-mo clip တွေကိုတော့ 720p နဲ့ ရိုက်ကူးနိုင်မယ်လို့ သိရပါတယ်။

ဘက်ထရီပမာဏကတော့ 5,000mAh ဖြစ်ပေမယ့် 5V/2A 10V charging ကိုပဲ ထောက်ပံ့ပေးထားပါတယ်။ ဒါပေမယ့် USB-C prot နဲ့အတူ 3.5mm audio jack နှစ်မျိုးစလုံးကိုထောက်ပံ့ပေးထားတာ တွေ့ရပါတယ်။ Fingerprint scanner က Power key ပေါ်မှာဖြစ်ပါတယ်။ Tmall, Suning တို့လို တရုတ်ရဲ့ အဓိက အွန်လိုင်းအရောင်းဆိုင်တွေမှာ $245 (၃ သိန်း ၂ သောင်း ၇ ထောင်ဝန်းကျင်) နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Ref: GSM Arena