Zawgyi





Unicode

OPPO A7 စမတ်ဖုန်းသစ်ကို Pre-order မှာယူပြီး အထူးလက်ဆောင်နဲ့တယ်လီနော Data package လက်ဆောင်များကို ရယူလိုက်ရအောင်

ရေစက်ပုံစံမျက်နှာပြင်ဒီဇိုင်း၊ 4230mAh Battery တို့နဲ့ ဖန်တီးထားတဲ့ OPPO A7 စမတ်ဖုန်းသစ်ကို ပြည်တွင်းဈေးကွက်အတွင်း ကြိုတင်မှာယူမှုများကို နိုဝင်ဘာလ (၁၇) ရက်မှ (၂၂) ရက်အတွင်း စတင်လက်ခံသွားမှာ ဖြစ်ပြီး ဈေးနှုန်း ၂၉၉,၉၀၀ ကျပ်နဲ့ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

Pre-order customers များအတွက် ၁၅၀၀၀ ကျပ် တန်ဖိုးရှိ ဘေးတစောင်း လွယ်အိတ်များကို မေတ္တာလက်ဆောင် အဖြစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် OPPO Myanmar မှ တယ်လီနောမြန်မာနှင့် ပူးပေါင်းပြီး OPPO A7 ဝယ်ယူသူများအတွက် တစ်လလျှင် ၅၀၀၀ ကျပ်ငွေဖုန်းဘေလ်ဖြည့်ရုံဖြင့် 1GB ဒေတာ အပိုလက်ဆောင်ပေးသွားမှာဖြစ်ပြီး တစ်လအတွင်း နောက်တစ်ကြိမ် ၅၀၀၀ ကျပ်ငွေဖြည့်လျှင် နောက်ထပ် 1GB ဒေတာကို ထပ်မံပေးသွားမယ်လို့ သိရပါတယ်။ ဝယ်ယူသူများအနေနဲ့ အကျိုးခံစားခွင့်ကို တစ်နှစ်တိတိ ခံစားရမှာဖြစ်ပြီး စုစုပေါင်းဒေတာ 24GB ကိုရရှိမှာ ဖြစ်ပါတယ်။ စမတ်ဖုန်းဝယ်ယူသူများ အနေနဲ့ ဆန်းသစ်ပြီး လူငယ်တို့ကြား ရေပန်းအစားဆုံး အရောင်များဖြစ်တဲ့ Glaring Gold နှင့် Glaze Blue နှစ်မျိုး ကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

OPPO A7 စမတ်ဖုန်းမှာ မျက်နှာပြင်အကျယ် ၆.၂ လက်မအရွယ်ရှိပြီး ရေစက်ပုံစံမျက်နှာပြင်ဒီဇိုင်း ကို အသုံးပြုထားပြီး အနုပညာဆန်သော မှန်သားပုံစံဒီဇိုင်းဖြင့် တည်ဆောက်ထားပါတယ်။ အဆင့်မြင့် AI Beauty 2.0 နည်းပညာ ပေါင်းစပ်ပေးထားတဲ့ 16MP ရှေ့ကင်မရာ နှင့်အတူ 13MP+2MP နောက်ကင်မရာ၂လုံးကို ထည့်သွင်းပေးထားတာကြောင့် သဘာဝဆန်ဆန်ဖြင့် ပိုမို ကြည်လင်ပြတ်သားပြီး ပိုမိုတောက်ပသော Protrait ပုံများကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ချစ်စရာကောင်းတဲ့ စတစ်ကာလေးတွေ ဖြစ်တဲ့ AR Stickers feature လည်း ထည့်သွင်းပေးထားပါတယ်။

OPPO A7 မှာ ကြီးမားပြီး တာရှည်ခံသော 4230mAh battery ပမာဏ ပါဝင်လာတဲ့ အပြင် Android OS 8.1 အခြေခံထားတဲ့ OPPO ရဲ့ Color OS 5.2 version အသစ်ကြောင့် Battery ကို ပိုမိုတာရှည်ခံပြီး ပိုမိုမြန်ဆန်စေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂိမ်းကစားသူများအကြိုက်တွေ့စေမယ့် Game Space Mode နဲ့ Smart Side Bar ကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။