Zawgyi
ယခုေခတ္မွာ စမတ္ဖုန္းဆိုတဲ့ အရာဟာ လူတိုင္းရဲ႕ေန႔စဥ္အသုံးေဆာင္တစ္ခု ျဖစ္သလို အၿမဲထပ္ၾကပ္မကြာရွိေနတဲ့ အရာတစ္ခုလည္း ျဖစ္လာပါတယ္။ေန႔စဥ္ ဖုန္းေျပာမယ္၊ အင္တာနက္သုံးမယ္၊ ဂိမ္းကစားမယ္ ဆိုတဲ့ အလုပ္ေတြကို လုပ္မယ္ဆိုရင္ လိုအပ္တာကေတာ့ တာရွည္ အသုံးခံႏိုင္တဲ့ battery သက္တမ္းပါတဲ့ စမတ္ဖုန္းတစ္လုံးပဲ ျဖစ္ပါတယ္။
မၾကာေသးခင္မွ မိတ္ဆက္လိုက္တဲ့ OPPO A7 ဟာဆိုရင္ ဘက္ထရီအသားေပးဖုန္းတစ္လုံး ျဖစ္တာေၾကာင့္ ဖုန္းအသုံးမ်ားသူေတြ သာမက ဂိမ္းဝါသနာအိုးေတြပါ အသားေပး ေ႐ြးခ်ယ္သင့္တဲ့ ဖုန္းသစ္တစ္လုံး ျဖစ္ပါတယ္။ A7 မွာ အ႐ြယ္အစားႀကီးမားၿပီး တာရွည္ခံတဲ့ ဘက္ထရီပမာဏ 4230 mAh ပါဝင္လာတာနဲ႔အညီ သုံးစြဲသူေတြအေနနဲ႔ Standby Mode ကို နာရီေပါင္း ၄၁၀ ခန႔္၊ သီခ်င္းနားေထာင္တာကို ၁၆၀ နာရီခန႔္၊ ဗီဒီယိုၾကည့္တာကို ၁၇ နာရီခြဲခန႔္၊ ပုံမွန္ဖုန္းသုံးတာကိုေတာ့ ၁၉ နာရီခန႔္အထိ လုပ္ႏိုင္မွာျဖစ္ပါတယ္။
ဒါ့အျပင္ AndroidOS 8.1 အေျခခံထားတဲ့ ColorOS 5.2 Version အသစ္ပါ ထည့္သြင္းထားတာေၾကာင့္လည္း CPU နဲ႔ GPU စြမ္းေဆာင္ရည္တို႔ကို ျမႇင့္တင္ေပးမွာျဖစ္ၿပီး ဖုန္းစြမ္းေဆာင္ခ်က္ေတြကို ပိုမိုျမန္ဆန္ေစမွာပါ။ AI ဘက္ထရီ လုပ္ေဆာင္ခ်က္ပါရွိတာေၾကာင့္လည္း အသုံးနည္းတဲ့ Application ေတြကို Auto Sleep Mode ျဖစ္ေစၿပီး မလိုအပ္တဲ့ Cache Data အပိုေတြကို နည္းပါးေစတာေၾကာင့္ ဘက္ထရီအားကို ပိုတာရွည္ခံေစမွာပါ။
ဂိမ္းဝါသနာအိုးေတြအတြက္ A7 မွာ Game Space built in ထည့္သြင္းထားလို႔ ဂိမ္းတြင္းစြမ္းေဆာင္ရည္ကို သိသိသာသာျမႇင့္တင္ေပးမယ့္အျပင္ ႀကီးမားတဲ့ဘက္ထရီပမာဏေၾကာင့္ ဂိမ္းကစားရင္း အားကုန္သြားတဲ့ ဒုကၡေတြ၊ ဖုန္း heat တက္ျခင္း ဒုကၡေတြကိုလည္း ေလွ်ာ့နည္းေစမွာပါ။ A7 ရဲ႕ Game Space မွာဆိုရင္ ဂိမ္းကစားသူေတြက Performance Mode ကို High Performance၊ Balance ႏွင့္ Low Power ဆိုၿပီး မိမိစိတ္ႀကိဳက္ေ႐ြးခ်ယ္ ကစားႏိုင္မွာျဖစ္လို႔ ေပါ့ပါးသြက္လက္ၿပီး အေကာင္းဆုံးေသာ gaming experience ကို ေပးႏိုင္မည့္ စမတ္ဖုန္းသစ္တစ္လုံး ျဖစ္ပါတယ္။
ဒါ့အျပင္ Smart Side bar ကလည္း အေႏွာက္အယွက္ ကင္းကင္းနဲ႔ ကိုယ္ဖြင့္ခ်င္တဲ့ App ေတြကို အျမန္ဆုံးဖြင့္ႏိုင္မွာ ျဖစ္လို႔ gamer ေတြအတြက္ အင္မတန္မွ အသုံးဝင္တဲ့ Feature တစ္ခုလည္း ျဖစ္ပါတယ္။ အျခားလုပ္ေဆာင္ခ်က္ေတြ အေနနဲ႔ App Split-screen၊ Assistive Ball၊ Screen Recording ႏွင့္ Clone Apps စနစ္ေတြကိုလည္း ထည့္သြင္းေပးထားပါတယ္။
ခန႔္ညားလွပၿပီး အႏုပညာဆန္တဲ့ 3D ဖန္သားပုံစံ ဂရစ္လိုင္းသ႑ာန္ ေနာက္ခံဒီဇိုင္း ႏွင့္ မ်က္ႏွာျပင္ေပၚမွာေရစက္ေလး တစ္စက္တြဲခိုေနဟန္ဒီဇိုင္းနဲ႔ ဖန္တီးထားတဲ့ A7 ဟာဆိုရင္ လူငယ္ေတြစိတ္တိုင္းက်ေစမည့္ ဖက္ရွင္က်က် ေက်ာ့ရွင္းလွပတဲ့ စမတ္ဖုန္းတစ္လုံး ျဖစ္ပါတယ္။
ကင္မရာပိုင္းကို ၾကည့္မယ္ဆိုရင္လည္း A7 မွာ အဆင့္ျမင့္နည္းပညာ AI Beauty 2.0 ထာက္ပံ့ထားတဲ့ 16MP ေရွ႕ကင္မရာ ႏွင့္ 13MP+2MP ေနာက္ကင္မရာ ၂ လုံး ပါဝင္သည့္အျပင္ ခ်စ္စရာေကာင္းတဲ့ AR Stickers ေတြလည္း ထည့္သြင္းေပးထားတာေၾကာင့္ ထူးျခားဆန္းျပားၿပီး ေပ်ာ္႐ႊင္စရာ ပုံရိပ္ေတြကို ဖန္တီးႏိုင္မွာပါ။ OPPO A7 ကို ျပည္တြင္းေဈးကြက္မွာ Glaring Gold နဲ႔ Glaze Blue ဆိုၿပီး အေရာင္ႏွစ္မ်ိဳး ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာ ျဖစ္ၿပီး ျမန္မာက်ပ္ (၂၉၉၉၀၀) နဲ႔ ေရာင္းခ်ေနတယ္လို႔ သိရပါတယ္။
Unicode
အခြားဖုန်းတွေ ဘက်ထရီပြဿနာ တက်နေချိန်မှာ သူကတော့အေးဆေးပဲနော်
ယခုခေတ်မှာ စမတ်ဖုန်းဆိုတဲ့ အရာဟာ လူတိုင်းရဲ့နေ့စဉ်အသုံးဆောင်တစ်ခု ဖြစ်သလို အမြဲထပ်ကြပ်မကွာရှိနေတဲ့ အရာတစ်ခုလည်း ဖြစ်လာပါတယ်။နေ့စဉ် ဖုန်းပြောမယ်၊ အင်တာနက်သုံးမယ်၊ ဂိမ်းကစားမယ် ဆိုတဲ့ အလုပ်တွေကို လုပ်မယ်ဆိုရင် လိုအပ်တာကတော့ တာရှည် အသုံးခံနိုင်တဲ့ battery သက်တမ်းပါတဲ့ စမတ်ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။
မကြာသေးခင်မှ မိတ်ဆက်လိုက်တဲ့ OPPO A7 ဟာဆိုရင် ဘက်ထရီအသားပေးဖုန်းတစ်လုံး ဖြစ်တာကြောင့် ဖုန်းအသုံးများသူတွေ သာမက ဂိမ်းဝါသနာအိုးတွေပါ အသားပေး ရွေးချယ်သင့်တဲ့ ဖုန်းသစ်တစ်လုံး ဖြစ်ပါတယ်။ A7 မှာ အရွယ်အစားကြီးမားပြီး တာရှည်ခံတဲ့ ဘက်ထရီပမာဏ 4230 mAh ပါဝင်လာတာနဲ့အညီ သုံးစွဲသူတွေအနေနဲ့ Standby Mode ကို နာရီပေါင်း ၄၁၀ ခန့်၊ သီချင်းနားထောင်တာကို ၁၆၀ နာရီခန့်၊ ဗီဒီယိုကြည့်တာကို ၁၇ နာရီခွဲခန့်၊ ပုံမှန်ဖုန်းသုံးတာကိုတော့ ၁၉ နာရီခန့်အထိ လုပ်နိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် AndroidOS 8.1 အခြေခံထားတဲ့ ColorOS 5.2 Version အသစ်ပါ ထည့်သွင်းထားတာကြောင့်လည်း CPU နဲ့ GPU စွမ်းဆောင်ရည်တို့ကို မြှင့်တင်ပေးမှာဖြစ်ပြီး ဖုန်းစွမ်းဆောင်ချက်တွေကို ပိုမိုမြန်ဆန်စေမှာပါ။ AI ဘက်ထရီ လုပ်ဆောင်ချက်ပါရှိတာကြောင့်လည်း အသုံးနည်းတဲ့ Application တွေကို Auto Sleep Mode ဖြစ်စေပြီး မလိုအပ်တဲ့ Cache Data အပိုတွေကို နည်းပါးစေတာကြောင့် ဘက်ထရီအားကို ပိုတာရှည်ခံစေမှာပါ။
ဂိမ်းဝါသနာအိုးတွေအတွက် A7 မှာ Game Space built in ထည့်သွင်းထားလို့ ဂိမ်းတွင်းစွမ်းဆောင်ရည်ကို သိသိသာသာမြှင့်တင်ပေးမယ့်အပြင် ကြီးမားတဲ့ဘက်ထရီပမာဏကြောင့် ဂိမ်းကစားရင်း အားကုန်သွားတဲ့ ဒုက္ခတွေ၊ ဖုန်း heat တက်ခြင်း ဒုက္ခတွေကိုလည်း လျှော့နည်းစေမှာပါ။ A7 ရဲ့ Game Space မှာဆိုရင် ဂိမ်းကစားသူတွေက Performance Mode ကို High Performance၊ Balance နှင့် Low Power ဆိုပြီး မိမိစိတ်ကြိုက်ရွေးချယ် ကစားနိုင်မှာဖြစ်လို့ ပေါ့ပါးသွက်လက်ပြီး အကောင်းဆုံးသော gaming experience ကို ပေးနိုင်မည့် စမတ်ဖုန်းသစ်တစ်လုံး ဖြစ်ပါတယ်။
ဒါ့အပြင် Smart Side bar ကလည်း အနှောက်အယှက် ကင်းကင်းနဲ့ ကိုယ်ဖွင့်ချင်တဲ့ App တွေကို အမြန်ဆုံးဖွင့်နိုင်မှာ ဖြစ်လို့ gamer တွေအတွက် အင်မတန်မှ အသုံးဝင်တဲ့ Feature တစ်ခုလည်း ဖြစ်ပါတယ်။ အခြားလုပ်ဆောင်ချက်တွေ အနေနဲ့ App Split-screen၊ Assistive Ball၊ Screen Recording နှင့် Clone Apps စနစ်တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။
ခန့်ညားလှပပြီး အနုပညာဆန်တဲ့ 3D ဖန်သားပုံစံ ဂရစ်လိုင်းသဏ္ဍာန် နောက်ခံဒီဇိုင်း နှင့် မျက်နှာပြင်ပေါ်မှာရေစက်လေး တစ်စက်တွဲခိုနေဟန်ဒီဇိုင်းနဲ့ ဖန်တီးထားတဲ့ A7 ဟာဆိုရင် လူငယ်တွေစိတ်တိုင်းကျစေမည့် ဖက်ရှင်ကျကျ ကျော့ရှင်းလှပတဲ့ စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။
ကင်မရာပိုင်းကို ကြည့်မယ်ဆိုရင်လည်း A7 မှာ အဆင့်မြင့်နည်းပညာ AI Beauty 2.0 ထာက်ပံ့ထားတဲ့ 16MP ရှေ့ကင်မရာ နှင့် 13MP+2MP နောက်ကင်မရာ ၂ လုံး ပါဝင်သည့်အပြင် ချစ်စရာကောင်းတဲ့ AR Stickers တွေလည်း ထည့်သွင်းပေးထားတာကြောင့် ထူးခြားဆန်းပြားပြီး ပျော်ရွှင်စရာ ပုံရိပ်တွေကို ဖန်တီးနိုင်မှာပါ။ OPPO A7 ကို ပြည်တွင်းဈေးကွက်မှာ Glaring Gold နဲ့ Glaze Blue ဆိုပြီး အရောင်နှစ်မျိုး ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပြီး မြန်မာကျပ် (၂၉၉၉၀၀) နဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။