OPPO က တရုတ်မှာ ပြီးခဲ့တဲ့ ၁ ပတ်လောက်က A72 5G ကို ကြေညာခဲ့ပြီး MediaTek ရဲ့ Dimensity 720 5G Chipset ပါတဲ့ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာပါတယ်။ အခုတော့ တရုတ်မှာ ပထမဆုံး အကြိမ် ရောင်းချပေးလိုက်ပါတယ်။

OPPO A72 5G အတွက် 8GB RAM / 128GB Storage ၁ မျိုးထဲ ထုတ်လုပ်ပေးထားပြီး ၁၈၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၃ သိန်း ၇ သောင်းလောက် ကျသင့်မှာ ဖြစ်ပြီး Simple Black , Neon နဲ့ Oxygen Violet ၃ ရောင် ထုတ်လုပ်ထားပါတယ်။ OPPO က အဲဒီဖုန်းကို နိုင်ငံတကာမှာ ရောင်းမယ့် အကြောင်း မပြောသေးပါဘူး။

OPPO A72 5G မှာ 90Hz Refresh Rate ပါလာပြီး ၆.၅ လက်မ IPS LCD မျက်နှာပြင် တပ်ဆင်ထားပါတယ်။ 20:9 Aspect Ratio ထောက်ပံ့ထားပြီး Full HD+ Resolution ဖြစ်ပါတယ်။ Dimensity 720 SoC နဲ့အတူ LPDDR4x RAM နဲ့ UFS 2.1 Storage ထည့်သွင်းထားပါတယ်။

4040mAh ဘက်ထရီ ထည့်သွင်းထားပြီး 18W Fast Charging ပါပါတယ်။ Android 10 OS အခြေပြု ColorOS 7.2 မောင်းနှင်ထားပါတယ်။ 8MP အရှေ့ ကင်မရာ ပါလာပြီး အနောက်ဘက်မှာ 16MP Main , Ultrawide နဲ့ 2MP Black & White ကင်မရာ ၃ လုံး ထည့်သွင်းထားပါတယ်။

Ref : gizmochina