အခုတစ်ပတ်အစောပိုင်းမှာ Oppo PDYM20 စမတ်ဖုန်းဟာ တရုတ်ပြည်တွင်းဝက်ဆိုက်ပေါ် ရောက်လာခဲ့ပြီး A72 5G လို့ ယူဆခဲ့ပါတယ်။ ဒီဖုန်းဟာ ယနေ့မှာ Geekbench ပေါ်ကို သူ့ရဲ့ Specs တွေနဲ့အတူ ရောက်ရှိလာပြန်ပါပြီ။

Geekbench ပေါ်က စာရင်းအရ PDYM20 ဟန်းဆက်မှာ Android 10 OS အသုံးပြုထားပြီး 8GB RAM နဲ့ အစမ်းသပ်ခံခဲ့ပေမယ့် နောက်ထပ် 4GB, 6GB ရွေးချယ်စရာနှစ်မျိုးရှိဦးမှာပါ။ 2.0GHz MediaTek MT6853 ချစ်ပ်ဆက်ကို အသုံးပြုထားပြီး ဒီချစ်ပ်ဆက်ဟာ MediaTek မှ တရားဝင်မကြေညာရသေးတဲ့ Dimensity 720 ဖြစ်တယ်လို့ ဆိုပါတယ်။

ဟန်းဆက်ဆီကိုပြန်သွားရရင် သူ့မှာ 6.5” လက်မအရွယ် 90Hz Refresh Rate Display တစ်ခုရှိပြီး 8MP ဆဲလ်ဖီး ကင်မရာအတွက် Punch-hole တစ်ခုလည်း ပါဝင်ပါတယ်။ ဖုန်းရဲ့နောက်ဘက်မှာ 16MP + 8MP + 2MP ကင်မရာအတွဲကို တွေ့ရမှာပါ။ Fingerprint ကို ဘေးဘက်မှာပဲထည့်သွင်းထားပြီး 3,945 mAh သို့ 4,040 mAh ဘက္ထရီကို 18W အားသွင်းစနစ်နဲ့ ဖြစ်ပါတယ်။

PDYM20 ဟန်းဆက်ကို မန်မိုရီအတွဲ သုံးမျိုးနဲ့တွေ့ရဖို့ရှိပြီး 4/128GB, 6/128GB နဲ့ 8/128GB တို့ကို တရုတ်ယွမ်ငွေ ၁၆၉၉ (မြန်မာငွေ ၃သိန်းခွဲနီးပါး)၊ ယွမ် ၁၇၉၉ (မြန်မာငွေ ၃သိန်းခွဲကျော်) နဲ့ ယွမ် ၁၉၉၉ (မြန်မာငွေ ၄သိန်းနီးပါး) အသီးသီးနဲ့ ရောင်းချလာမှာပါ။

Ref – GSMArena