OPPO က တူနီးရှားမှာ A73 ကို ကြေညာလိုက်ပါတယ်။ OPPO A73 ဟာ တကယ်တော့ စမတ်ဖုန်း အသစ် မဟုတ်ဘဲ စက်တင်ဘာလက အိန္ဒိယမှာ ရောင်းချခဲ့တဲ့ OPPO F17 ကို နာမည်ပြောင်းထားတာပါ။ OPPO A73 မှာ ၆.၄၄ လက်မ Super AMOLED 1080x2400p မျက်နှာပြင် ထည့်သွင်းထားပြီး လက်ဗွေရာ အာရုံခံ ကိရိယာကို မျက်နှာပြင်အောက်မှာ မြှပ်နှံထားပါတယ်။

Snapdragon 662 Chipset မောင်းနှင်ထားပြီး 6GB RAM နဲ့ 128GB Storage တွေ ပါလာပါတယ်။ microSD Card နဲ့ Storage ကို မြှင့်တင်နိုင်တဲ့အတွက် ဒေတာများစွာ သိမ်းဆည်းနိုင်ပါတယ်။ အရွယ်သေး Notch မှာ 16MP ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပြီး အနောက်ဘက်မှာ 16MP Main  , 8MP Ultrawide နဲ့အတူ 2MP Depth ကင်မရာ ၂ လုံး ထည့်သွင်းထားပါတယ်။

30W VOOC 4.0 Fast Charging ပါတဲ့ 4,015mAh ဘက်ထရီ ပါလာပြီး Navy Blue နဲ့ Classic Silver ၂ ရောင် ထုတ်လုပ်ထားပါတယ်။ OPPO တူနီးရှားက A73 ရဲ့ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မပြောသေးပါဘူး။ OPPO F17 ကို အိန္ဒိယမှာ ၁၇,၉၉၀ ရူပီးနဲ့ ရောင်းပေးထားပြီး မြန်မာငွေ ၃ သိန်း ၂ သောင်းလောက် ကျသင့်ပါတယ်။ OPPO A73 ကိုလည်း အဲဒီဈေးလောက်နဲ့ ရောင်းပေးနိုင်ပါတယ်။

Ref : gsmarena