ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်သော OPPO မှ အဆင့်မြင့် အသွင်အပြင်နှင့် အားသွင်းမြန်ဆန်ပြီး အသံအရည်အသွေးကောင်းမွန်သော OPPO A Series အသစ် OPPO A77 ကို မြန်မာတစ်နိုင်ငံလုံးတွင် ၆၉၉,၉၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်ကာ Sky Blue နှင့် Sunset Orange ဟူ၍ အရောင်နှစ်ရောင်ဖြင့် ရွေးချယ်ဝယ်ယူနိုင်နေပြီဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။ OPPO A77 ကို ဝယ်ယူမည်ဆိုပါက အထူးလက်ဆောင်အနေဖြင့် အိတ်ဆောင်ပန်ကာကို OPPO မှ ပေးအပ်သွားမည်ဖြစ်သည်။

အဆင့်မြင့်သော အသွင်အပြင် ဒီဇိုင်း

OPPO A77 သည် Sky Blue နှင့် Sunset Orange ဟူ၍ အဆင့်မြင့်သော အသွင်အပြင်ရှိသည့် အရောင် နှစ်ရောင်ဖြင့် ထွက်ရှိလာပြီး Sky Blue အရောင်၏ တောက်ပနေသော မျက်နှာပြင်များသည် မိုးရွာပြီးနောက် ကြည်လင်သည့် ကောင်းကင်မှ ပေါ်ထွက်လာသော သက်တံ့ကဲ့သို့ အရောင်ပြေးများပါဝင်တဲ့ မိုးကောင်ကင်အပြာရောင်ဖြစ်ကာ လက်ဗွေရာ မထင်ဘဲ ခြစ်ရာခံနိုင်ရည်ရှိသည့် OPPO Glow Design နှင့် အသစ်ထွက်ရှိလာခြင်းဖြစ်သည်။ Sunset Orange အရောင်မှာ ကြော့ရှင်း၍ စတိုင်ကျကာ ဤစျေးနှုန်း၀န်းကျင်တွင် ပထမဆုံး Fiberglass Leather Design နှင့် ထွက်ရှိလာပြီး ခြစ်ရာခံနိုင်ရည်ရှိမည်ဖြစ်သည်။ ပိုမို ခေတ်မီလှပသော အရောင်ကာလာဖြင့် ထွက်ရှိလာသည့် OPPO A77 သည် အလွန်ပါးလွှာသော ဒီဇိုင်းဖြင့် ပြုလုပ်ထားပြီး Sky Blue အရောင်သည် အထူ 7.99 mm သာ ရှိမည်ဖြစ်ပြီး Sunset Orange အရောင်သည် အထူ 8.04 mm သာ ရှိမည်ဖြစ်သည်။ ထို့ပြင် Premium ဆန်ဆန် ကိုယ်ထည်ဖြင့် လေးထောင့်ကျသော ဘေးဘောင်ဒီဇိုင်းကို အသုံးပြုထားသည့်အတွက် နေ့စဥ်ဘဝတွင် အသုံးပြုရာ၌ ပေါ့ပါးပြီး ကျစ်လစ်သော အထိအတွေ့ကို ပေးစွမ်းနိုင်မည်ဖြစ်သည်။

ပိုမိုအသုံးခံသည့် ကြီးမားသော ဘက်ထရီနှင့် အမြန်အားသွင်းစနစ်

OPPO A Series အသစ်ဖြစ်သော OPPO A77 တွင် ပိုမိုအသုံးခံသည့် ကြီးမားသော ဘက်ထရီ 5000 mAh ပါဝင်မည် ဖြစ်ပြီး နှစ်ရက်တာ ဘက်ထရီ သက်တမ်းခံနိုင်ကာ YouTube Video များကို ၁၅ နာရီ ကြည့်ရှုနိုင်မည်ဖြစ်သည်။ အဆိုပါ ကြီးမားသော ဘက်ထရီကို အားသွင်းဖို့အတွက် အားသွင်းနေချိန် အပူချိန်လွန်ကဲမှုကို တားဆီးပေးသည့် အဆင့်ငါးဆင့်ဖြင့် ဖွဲ့စည်းထားသည့် Security Protection ပါ၀င်သော အမြန်အားသွင်းစနစ် 33W SUPERVOOC ပါဝင်လာမည်ဖြစ်ကာ နာရီဝက်အတွင်း ၅၁ ရာခိုင်နှုန်းအထိ လျင်မြန်စွာ အမြန်အားသွင်း ပေးနိုင်မည်ဖြစ်သည်။ OPPO A77 တွင် လုံလောက်ပြီး ကြာရှည်ခံသော ဘက်ထရီနှင့် အမြန်အားသွင်းစနစ်ပါဝင်မှုကြောင့် ညအချိန်အားသွင်းရမှု၊ ဘက်ထရီသက်တမ်းစိုးရိမ်ရမှုများကို လျော့ကျစေကာ တစ်နေ့တာအတွက် လိုအပ်သော အားပမာဏကို ရရှိစေမည် ဖြစ်သည်။

ကောင်းမွန်သော အသံအရည်အသွေး

OPPO A77 တွင် ပိုမိုကောင်းမွန်သော အသံအရည်အသွေးအတွေ့အကြုံကို ရရှိစေမည့် Speaker ၂ လုံး ပါဝင်သော Ultra-linear Stereo Speaker ကို ထည့်သွင်းပေးထားပြီး ရုပ်ရှင်၊ သီချင်း၊ ဗီဒီယိုများကို Dirac’s Automatic Audio Optimization နည်းပညာဖြင့် အသံကို ပိုကောင်းအောင် အလိုအလျောက်ပြုလုပ်ပေးကာ ကြမ်းတမ်းသော ဆူညံသံများကို ဖယ်ရှားပေးသည့်အတွက် အကောင်းဆုံး စတီရီယိုအသံကို ရရှိမည်ဖြစ်သည်။ OPPO A77 သည် အသံအတိုးအကျယ်ကို 200% အထိ မြှင့်တင်ပေးနိုင်ပြီး စပီကာနှစ်လုံးဖြင့် ပျော်ရွှင်မှုကို နှစ်ဆတိုးစေမည့် ရုပ်မြင်သံကြားအဖော်အဖြစ် အသုံးပြုလို့ရနိုင်မည့် စမတ်ဖုန်းတစ်လုံးဖြစ်လာမည်ဖြစ်သည်။

လှပသော ပုံရိပ်များ ရရှိစေမည့် ကင်မရာ

OPPO A77 ၏ နောက်ကျောဘက် ကင်မရာတွင် Flash Snapshot၊ Pixel Binning Technology တို့ ပါ၀င်သော 50MP Rear Camera နှင့် 2MP Depth Camera ပါ၀င်ပြီး Double Camera Set Up ကိုအသုံးပြုထားကာ Sky Blue အရောင်တွင် ဖုန်းမှန်ဘီလူး အလှဆင်အစိတ်အပိုင်း၏ အရောင်နှင့် ဖုန်းနောက်ဖုံးအရောင်ကို အရောင်တူ ဒီဇိုင်းဆင် ပြုလုပ်ထားသည်။ ညအလှရိုက်ကူးမှုများအတွက် Night Filters အသစ်သုံးခုဖြင့် ပြတ်သားကောင်းမွန်သော ဓာတ်ပုံများကို ပုံဖော်ရိုက်ကူးနိုင်မည်ဖြစ်ပြီး AI Palette ဖြင့် မိမိကြိုက်နှစ်သက်သော စတိုင်ဖြစ်အောင် ပြောင်းလဲ ပုံဖော်နိုင်မည်ဖြစ်သည်။ OPPO A77 ၏ အရှေ့ဘက်ကင်မရာသည် 8MP ရှိပြီး အလှဆုံး Selfie ဓာတ်ပုံများကို ရိုက်ကူးနိုင်မည်ဖြစ်သည်။

ချောမွေ့မြန်ဆန်သော ဖုန်းသုံးစွဲမှု အတွေ့အကြုံကောင်းများ

ထို့အပြင် OPPO A77 ကို ဖုန်းသုံးစွဲမှု အတွေ့အကြုံကောင်းများ ရရှိနိုင်စေရန်အတွက် Android 12 ကို အခြေခံ ထားသည့် ColorOS 12.1 ကို အသုံးပြုထားပြီး MediaTek Helio G35 (12nm) Processor ကို ထည့်သွင်း ပေးထားသည်။ OPPO A77 တွင် RAM 4GB ကို +4GB RAM Expansion ထောက်ပံ့ပေးထားသောကြောင့် အများဆုံး 8G RAM အတွေ့အကြုံဖြင့် Video games များကို လွတ်လပ်စွာ ကစားနိုင်မည်ဖြစ်ပြီး TV series 300ကျော်ကို သိမ်းထားနိုင်သော ကြီးမားသည့် 128GB ROM ပါရှိသည်။ OPPO A77 တွင် ဖုန်းမျက်နှာပြင် 6.56 လက်မရှိသော 100% DCI-P3 နှင့် လျင်မြန်သွက်လက်သော Side Finger Print နှင့် Face Unlock တို့ ပါရှိပြီး Eye Protection Mode ဖြင့် Blue Light လျော့ချပေးထားကာ ညဘက်ဗီဒီယိုကြည့်ခြင်း၊ စာဖတ်ခြင်းတို့ကို သက်သောင့်သက်သာစွာ ပြုလုပ်နိုင်သော 60Hz LCD Colour-Rich Eye-Care Display ဖြင့် ပြုလုပ်ထားသည်။ ထို့ပြင် ရေစိုဒဏ်ခံနိုင်ရည်အဆင့် IPX4 နှင့် ဖုန်ဒဏ်ခံနိုင်ရည်အဆင့် IP5X ဖြင့် ဖုန်းသုံးစွဲမှု ချောမွေ့စေရန်နှင့် အကြမ်းခံနိုင်ရန် ကာကွယ်ပေးထားသည်။

Premium ဆန်သော အဆင့်မြင့်အသွင်အပြင်၊ Security Protection ပါဝင်သည့် အမြန်အားသွင်းစနစ် 33W SUPERVOOC နှင့် အသံအရည်အသွေးကောင်းမွန်သော Ultra- linear Stereo Speaker တို့ ပါဝင်သော OPPO A Series အသစ် OPPO A77 ကို မြန်မာတစ်နိုင်ငံလုံးတွင် ၆၉၉,၉၀၀ ကျပ်ဖြင့် Sky Blue နှင့် Sunset Orange ဟူ၍ အရောင် နှစ်ရောင်ဖြင့် ရွေးချယ်ဝယ်ယူနိုင်နေပြီဖြစ်သည်။ OPPO A77 နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက OPPO Myanmar ၏ Facebook Page https://bit.ly/3EcSwEC နှင့် OPPO A77 Website https://bit.ly/3E27UUd တွင် ဝင်ရောက်လေ့လာနိုင်သည်။