Zawgyi

Oppo ကုမၸဏီဟာ သူတုိ႔ရဲ႕ ကင္မရာေလးလုံးနဲ႔ Reno ထုတ္ကုန္သစ္ကို မၾကာေသးခင္ကမွ မိတ္ဆက္ခဲ့ပါတယ္။ ဒါေပမယ့္ တျခား Oppo စီးရီးတစ္ခုကလည္း Quad-camera ကို ထပ္မံဆက္ခံရဦးမယ့္ ပုံစံပါပဲ။

Oppo A9 2020 လို႔အမည္ေပးထားတဲ့ ဟန္းဆက္ဟာ Oppo ရဲ႕ဗီယက္နမ္အေျခစိုက္ Facebook Page ေပၚကို ေရာက္ရွိလာၿပီး Specs အခ်ဳိ႕ကိုပါ ေဖာ္ျပလာပါတယ္။ ကင္မရာပုိင္းမွာ 48MP Sensor ဦးေဆာင္တဲ့ ကင္မရာေလးလုံးတြဲကိုေတြ႕ရမယ့္အျပင္ 5,000 mAh ဘကၳရီႀကီးနဲ႔ 8GB RAM မန္မုိရီ ဆုိတာေတြက အထင္ႀကီးစရာပါပဲ။

A9 2020 ဖုန္းမွာ 6.5” လက္မအရြယ္ Display အႀကီးစားတစ္ခု ပါဝင္မွာျဖစ္ကာ HD+ Resolution အသုံးျပဳႏုိင္မယ္ဆုိေပမယ့္ ဒီ Specs နဲ႔ဆုိရင္ 1080p က ပိုျဖစ္ႏုိင္ပါတယ္။ Fingerprint ကိုေနာက္ဘက္မွာ ထားတဲ့အတြက္ ေရွ႕ Screen ကေတာ့ LCD အမ်ဳိးအစားျဖစ္ႏုိင္ပါတယ္။

ေနာက္ထပ္ဖုန္းရဲ႕ Specs ေပါက္ၾကားမႈေတြထဲမွာ Snapdragon 665 ခ်စ္ပ္ဆက္ အသုံးျပဳလာမယ္ဆုိတာ ပါဝင္သလို ေရွ႕ဘက္က Waterdrop Notch ေလးထဲမွာလည္း 16MP Selfie ကင္မရာကို ျမင္ရမွာပါ။ ေနာက္ဘက္ကင္မရာေလးလုံးတြဲက 48MP + 8MP + 2MP + 2MP လို႔ဆုိပါတယ္။

ေဆာ့ဖ္ဝဲပိုင္းမွာေတာ့ Android Pie ကိုသာ အေျခခံထားတဲ့ ColorOS 6.1 ကိုေတြ႕ရမွာျဖစ္တဲ့အတြက္ သူ႕ေမာ္ဒယ္နံပါတ္မွာ ၂၀၂၀ လို႔ပါေနေပမယ့္ ၂၀၂၀ ခုႏွစ္အထိ မေစာင့္ရဘူးလို႔ေတာ့ ေမွ်ာ္လင့္ပါတယ္။ ဆြဲေဆာင္မႈရွိတဲ့ Specs ေတြေၾကာင့္ ဘယ္လိုေဈးႏႈန္းမ်ိဳးနဲ႔ ထြက္ရွိလာမလဲဆိုတာ စိတ္ဝင္စားဖို႔ေကာင္းေနၿပီး၊ သိပ္မၾကာခင္မွာ မိတ္ဆက္လာမယ္လို႔ ခန္႔မွန္းရပါတယ္။

Ref – GSM Arena

Unicode

Oppo ကုမ္ပဏီဟာ သူတို့ရဲ့ ကင်မရာလေးလုံးနဲ့ Reno ထုတ်ကုန်သစ်ကို မကြာသေးခင်ကမှ မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမယ့် တခြား Oppo စီးရီးတစ်ခုကလည်း Quad-camera ကို ထပ်မံဆက်ခံရဦးမယ့် ပုံစံပါပဲ။

Oppo A9 2020 လို့အမည်ပေးထားတဲ့ ဟန်းဆက်ဟာ Oppo ရဲ့ဗီယက်နမ်အခြေစိုက် Facebook Page ပေါ်ကို ရောက်ရှိလာပြီး Specs အချို့ကိုပါ ဖော်ပြလာပါတယ်။ ကင်မရာပိုင်းမှာ 48MP Sensor ဦးဆောင်တဲ့ ကင်မရာလေးလုံးတွဲကိုတွေ့ရမယ့်အပြင် 5,000 mAh ဘက္ထရီကြီးနဲ့ 8GB RAM မန်မိုရီ ဆိုတာတွေက အထင်ကြီးစရာပါပဲ။

A9 2020 ဖုန်းမှာ 6.5” လက်မအရွယ် Display အကြီးစားတစ်ခု ပါဝင်မှာဖြစ်ကာ HD+ Resolution အသုံးပြုနိုင်မယ်ဆိုပေမယ့် ဒီ Specs နဲ့ဆိုရင် 1080p က ပိုဖြစ်နိုင်ပါတယ်။ Fingerprint ကိုနောက်ဘက်မှာ ထားတဲ့အတွက် ရှေ့ Screen ကတော့ LCD အမျိုးအစားဖြစ်နိုင်ပါတယ်။

နောက်ထပ်ဖုန်းရဲ့ Specs ပေါက်ကြားမှုတွေထဲမှာ Snapdragon 665 ချစ်ပ်ဆက် အသုံးပြုလာမယ်ဆိုတာ ပါဝင်သလို ရှေ့ဘက်က Waterdrop Notch လေးထဲမှာလည်း 16MP Selfie ကင်မရာကို မြင်ရမှာပါ။ နောက်ဘက်ကင်မရာလေးလုံးတွဲက 48MP + 8MP + 2MP + 2MP လို့ဆိုပါတယ်။

ဆော့ဖ်ဝဲပိုင်းမှာတော့ Android Pie ကိုသာ အခြေခံထားတဲ့ ColorOS 6.1 ကိုတွေ့ရမှာဖြစ်တဲ့အတွက် သူ့မော်ဒယ်နံပါတ်မှာ ၂၀၂၀ လို့ပါနေပေမယ့် ၂၀၂၀ ခုနှစ်အထိ မစောင့်ရဘူးလို့တော့ မျှော်လင့်ပါတယ်။ ဆွဲဆောင်မှုရှိတဲ့ Specs တွေကြောင့် ဘယ်လိုဈေးနှုန်းမျိုးနဲ့ ထွက်ရှိလာမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပြီး၊ သိပ်မကြာခင်မှာ မိတ်ဆက်လာမယ်လို့ ခန့်မှန်းရပါတယ်။

Ref – GSM Arena