[Zawgyi]




[Unicode]

Battery 5,000 mAh ပါတဲ့ OPPO A9 2020 ကို မြန်မာနိုင်ငံမှာ မကြာခင် မိတ်ဆက်မည်

OPPO Myanmar ကနေ OPPO A9 2020 ကို မိတ်ဆက်ပေးပါတော့မယ်။ OPPO ကနေ အသစ်ထုတ်လုပ်လိုက်တဲ့ ဒီစမတ်ဖုန်းအသစ်မှာတော့ ထူးခြားတဲ့ Entertainment နဲ့ Gaming Experience တွေကို ရရှိစေဖို့အတွက် ပြောင်မြောက်လှတဲ့ Hardware နဲ့ Software တွေကို အသုံးပြုထားပါတယ်။ မိုဘိုင်းဂိမ်းချစ်သူတွေအတွက် ဒီစမတ်ဖုန်းတွေမှာ 8 core 64-bit Qualcomm Snapdragon 665 processor ကို အသုံးပြုပေးထားသလို RAM 8GB ကိုလည်း ထောက်ပံ့ပေးထားတဲ့အတွက် ဂိမ်းကစားရာမှာ ချောမွေ့ညင်သာမှုကို ခံစားရမှာ ဖြစ်ပါတယ်။

OPPO A9 2020 မှာ ပါဝင်လာတဲ့ Game Boost 2.0 နည်းပညာက Frame Boost နဲ့ Touch Boost engine တွေကို အဆင့်မြှင့်တင်ပေးတဲ့အတွက်ကြောင့် ဂိမ်းကစားတာကြိုက်တဲ့သူတွေအတွက် အလွန်အသုံးတည့်တဲ့ နည်းပညာတစ်ခုဖြစ်လာမှာ အသေအချာပဲ ဖြစ်ပါတယ်။ Frame Boost က ဖုန်းရဲ့ လုပ်ဆောင်ချက်တွေကို စောင့်ကြည့်ပြီးတော့ PUBG လိုဂိမ်းတွေ ကစားရာမှာ ဂိမ်းကစားသူတွေ ရင်ဆိုင်နေရတဲ့ ပြဿနာတစ်ခုဖြစ်တဲ့ lag သွားတာတွေကို ဖြေရှင်းပေးမှာ ဖြစ်တဲ့အတွက် Chicken Dinner ရဖို့ကြိုးစားနေသူတွေ အကြိုက်တွေ့စေမှာ ဖြစ်ပါတယ်။ Touch Boost ကတော့ ဂိမ်းကစားရာမှာ touch တုံ့ပြန်မှုတွေ မြန်ဆန်သွက်လက်လာအောင် အဆင့်မြှင့်တင်ပေးမှာ ဖြစ်သလို control ကောင်းကောင်းနဲ့ ကစားနိုင်မှာ ဖြစ်တဲ့အတွက် ခက်ခဲကြမ်းတမ်းပြီး အကြိတ်အနယ် ကစားရတဲ့ပွဲတွေမှာ ပြိုင်ဘက်ရဲ့ အခြေအနေကို ကြည့်ပြီး မြန်မြန်ဆန်ဆန် သွက်သွက်လက်လက် ကစားနိုင်မှာ ဖြစ်တဲ့အတွက် အလွန်အသုံးဝင်လှပါတယ်။

OPPO A9 2020 စမတ်ဖုန်းမှာ Dolby Atmos® sound effects တွေ ထောက်ပံ့ပေးထားတဲ့ Dual Stereo Speakers ပါဝင်လာတဲ့အတွက် ဂိမ်းကစားပွဲတွေမှာ စိတ်လှုပ်ရှားဖွယ်ရာ အသံတွေကို ဘက်ပေါင်းစုံကနေ ခံစားနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် OPPO A9 2020 မှာ ဂိမ်းပွဲတွေကို များများ ဆက်တိုက်ကစားနိုင်ဖို့အတွက် ၁၉ နာရီလောက်ထိ ဆက်တိုက်အသုံးပြုနိုင်မယ့် 5,000 mAh Batteryကို ထည့်သွင်းပေးထားပါတယ်။ PUBG လိုဂိမ်းကိုလည်း ၇.၇နာရီကြာထိ ကစားနိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် ပွဲများများဆက်တိုက်ကစားချင်တဲ့ သူတွေအတွက် အကြိုက်တွေ့စေမှာ အမှန်ဘဲ ဖြစ်ပါတယ်။ OPPO Myanmar ကနေပြီးတော့ ဒီလိုမျိုး ဂိမ်းကစားရာမှာ စွမ်ဆောင်ရည်ကောင်းမွန်လှတဲ့ စမတ်ဖုန်းအသစ်ဖြစ်တဲ့ OPPO A9 2020 ကို စမတ်ဖုန်းဂိမ်းတွေကစားရတာကို ကြိုက်နှစ်သက်သူတွေအတွက် စက်တင်ဘာလ (၁၉)ရက်နေ့ HOG Esports Center မှာ မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။